"အာ...အရေးမပါတာတွေ... "
စာရွက်တစ်ချို့ကို ဆွဲစုတ်ပစ်ပေါက်ရင်း Min Yoongi အော်ငြီးမိသည်...။မနက်ခင်းကတည်းက နောက်ကျိသွားသော စိတ်အစဥ်သည် ယခုထိတိုင် သူ့ကို စိတ်ဒုက္ခပေးချင်နေဆဲဖြစ်မည်...။ဘယ်လောက်တောင် ဒုက္ခရောက်သလဲဆို ဘေးနားမှာ မွစာကြဲနေတဲ့ စာရွက်တွေက သက်သေ...။
ဒေါသထွက်ရင် တော်ရုံမပြေတတ်တဲ့လူလည်းမဟုတ်ပါပဲ...ဒီကလန်ကလားကောင်ကိုပဲ စိတ်ထဲဆွဲနေခြင်း...။'သေးသေးလေး'ဆိုတဲ့စကားသံကို နားထဲက မထွက်တာဖြစ်သည်...။
"ဟူးးးးး ပုံမှန်အတိုင်းမဟုတ်ပဲ စိတ်ကောင်းဝင်မိတာ!!!ငါမှားတာပါ...ငါပဲမှားတာ"
တစ်ကိုယ်တည်းကြားရုံရေရွတ်နေသည့် Yoongiသည် ရှေ့က မွစာကြဲနေသည့် စာရွက်တစ်ပုံကြညးတွင်တော့ အမှိုက်ပုံထဲက ကြွတ်ဖြူလေးသဖွယ်ဖြစ်နေသည်...ပြောချင်တာက!!!ဘယ်လိုနေနေ သူက ကြည့်ကောင်းနေခြင်း!
"အပြင်လေးဘာလေး ထွက်ရမလား?စိတ်ပြေလက်ပျောက်? "
ကိုယ့်ဘာသာတွေး ကိုယ့်ဘာသာထောက်ခံဖြင့် အလုပ်ဖြစ်နေသောMin Yoongi...အခုလည်း အပြင်coatတစ်ထည်ဝတ်ပြီး အပြင်လောကစီ ခြေဆန့်ရန်ပြင်သည်...။
-
-
-ရှပ်...ရှပ်...ရှပ်...
Yoongiရဲ့ခြေလှမ်းတိုင်းနဲ့ တူညီစွာကြားနေရတဲ့ ခြေသံတစ်စုံ...။နောက်ကျောက ချမ်းစိမ့်နေသည့် ခံစားချက်ကြောင့် Min Yoongiခြေလှမ်းတွေကို ခပ်မြန်မြန်လေးလှမ်းကြည့်သည်...ထိုအခါတွင် သူ့နောက်ကခြေသံတွေက သူ့ခြေလှမ်းအတိုင်း မြန်ဆန်စွာ ထွက်ပေါ်လာတတ်မြဲ...။
အနောက်က ခြေသံပိုင်ရှင်သည် အရွယ်အစားအားဖြင့် မည်မျှရှိမည်နည်း?ကိုယ်ခံပညာ အရည်အချင်းကရော?
သေချာတာကတော့ အိမ်ထဲမှာပဲ တစ်နေကုန်ထိုင်ကာ စာထိုင်ရေးနေတတ်သည့်သူ့ထပ်တော့သာနေမှာပင်...။အသိဉာဏ်ရှိလွန်းလှသည့် Min Yoongiသည် လူအုပ်ကြားရှိရာဆီ ပြေးတော့သည်...။
ဟုတ်သည်လေ...ဒီလိုအနေအထားမှာ မျက်နှာချင်းဆိုင် ရင်ဆိုင်နေရအောင် သူကအရူးလား?အနည်းဆုံးတော့ လူအုပ်ကြားထဲဆို အကူအညီလေးဘာလေးတော့ရမှာ မဟုတ်လား?