Part-2(Uni+Zawgi)

251 47 20
                                    

ဆောင်းလေ အေးအေးလေးတွေ တိုက်ခတ်နေသော ဆောင်းညသည် Min Yoongiလို စာရေးဆရာတစ်ယောက်အတွက်တော့ စိတ်ကူးတွေကွန့်မြူးကာ အတွေးယဥ်တွေ လှပနေမည့်အချိန်ပေ...။

လုပ်နေကျအတိုင်း စာအုပ်လေးတစ်အုပ်ကိုဆွဲကာ စိတ်ကူးပေါက်ရာ ဇာတ်အိမ်တချို့ကိုတည်ဖို့ ပြတင်းပေါက်နားထိုင်ချလိုက်သည်...။ကော်ဖီတစ်ခွက်ရယ်...ပြင်ပကမြင်ကွင်းတစ်ချို့ရယ်...

စာမူတစ်ချို့အပ်ထားတာမကြာသေး၍ နောက်ထပ်စာတွေအတွက် ထူးပြီးအာရုံစိုက်နေစရာမလိုတာမို့ ပြင်းပေါက်အပြင်ကိုသာအကြည့်တို့ပို့ထားသည်...။

" ရှင်ကဘယ်လိုဖြစ်နေတာလဲ!! နေ့တိုင်းမူးရူးပြီးမှ အိမ်ကိုပြန်လာနေရအောင် ရှင့်ကိုယ်ရှင် ဘာထင်နေတာလဲ!!! "

" ဒီမိန်းမ ငါ့ကိုများ!!!! "

တဒုန်းဒုန်းရန်ဖြစ်သံသည်ဘေးအိမ်က လင်မယားနှစ်ယောက်စီကပင်...။ဒီဆိတ်ငြိမ်ရပ်ကွက်ကြီးက သူတို့လင်မယားနှစ်ယောက်ပြောင်းလာမှ ဆူညံသံများစတင်ခဲ့တာပင်...။

ညားခါစ ကြင်ဦးစမောင်နှံသည် အသက်တော့ငယ်သေးကြသည့်ပုံပင်...။ချစ်လို့ကြိုက်လို့ နှစ်ဦးတည်းသဘောတူ လက်ထပ်ပြီးခါမှ ပြဿနာပေါင်းစုံတက်ကာ အိမ်ကအမြဲညံနေတတ်သည်...။အထူးသဖြင့် Min Yoongiစာရေးရန် ဈာန်ဝင်နေသည့်အချိန်မျိုး...အခုလိုပေါ့.....

တဒုန်းဒုန်းဆူညံသံတွေ အော်ဟစ်ဆဲဆိုနေကြသံတွေကို ကြားပါများတော့ Min Yoongiတစ်ခါတစ်လေ အိမ်ထောင်ရေးဝတ္ထုတစ်ပုဒ်လောက်တော့ရေးပါအုံးမည်ဟု တေးမှတ်ထားလိုက်သည်...။ကုန်ကြမ်းက မျက်စိရှေ့တင်ရှိနေသည်မို့...။

ဆဲဆိုသံများသည် ညဥ့်နက်လာသည့်တိုင်အောင် ပျောက်သွားခြင်းမရှိ...။ဒီတစ်ခါတော့ တကယ်ပျက်စဲတော့မည်ထင်သည်...။

Knock!knock!

အိမ်ရှေ့ဆီမှ တံခါးလှမ်းခေါက်သံ!နာရီကိုလှည့်ကြည့်မိတော့ ည12နာရီပေ...။ဒီအချိန်ကြီးဘယ်သူကများတံခါးလာခေါက်ရသနည်း...။အလေအလွင့်ကလေးတွေက စနောက်တတ်သည်ကိုသတိရမိတော့ Min Yoongiဆူပူပေးလိုက်ဖို့ တံခါးသွားဖွင့်လိုက်သည်...။

Knock!Knock! (Complete✅)Donde viven las historias. Descúbrelo ahora