Part-4(Uni+Zawgi)

168 33 35
                                    

Knock!Knock!

တံခါးခေါက်သံကြားတာမို့ Min Yoongiထထွက်လာခဲ့သည်...။ဒီနေ့စာတိုက်မှူးက စကားပြောစရာရှိသည်ကြောင့် အိမ်လာမယ်ဟု ပြောထားသည်မဟုတ်ပါလား...။

"အာညော်~~~"

စပ်ဖြဲဖြဲမျက်နှာထားနဲ့ လက်ပြနှုတ်ဆက်နေတာက စာတိုက်မှူးတော့မဟုတ်ခဲ့ဘူး!!!Min Yoongiသိပ်တော့မအံ့သြပါဘူး...ဒီလိုလမ်းသရဲတွေနဲ့ ပတ်သက်မိရင် ဒီလိုဖြစ်လာမယ်ဆိုတာ သိခဲ့ပြီးသားပဲလေ...။

ဖိတ်ခေါ်မှုကင်းစွာ တံခါးကိုပိတ်ရန်ပြင်တော့ ထိုလူသားက ခြေထိုးခံလာသည်...။ငါနော်...ပိတ်ချလိုက်ရင် ခြေထိပ်ငုတ်စိတွေဖြစ်ကုန်တော့မှာပဲ!!!

"အိမ်ထဲ ဝင်ခွင့်ပြုပါအုံး...ဧည့်သည်ကို အိမ်ရှေ့ကြီးမှာ တကားကားနဲ့"

ပြောလည်းပြောကာ Min Yoongiကိုတွန်းတိုက်ရင်း အိမ်ထဲဝင်သွားပြန်တဲ့လူသား!မဟုတ်ဘူး...ဒါက မကောင်းဆိုးဝါး!!!

" ဘာလုပ်နေတာလဲ?အခုချင်ချင်းပြန်ထွက်ပါ!!! "

Min Yoongiကပြောနေပေမယ့် ဂရုမစိုက်သူကတော့ အိမ်ရဲ့ဧည့်ခန်းထဲမှာပင် ခြေချိတ်ထိုင်နေပေပြီ...။လေပူတစ်ချို့ကိုခေါင်းမော့ကာ မှုတ်ထုတ်လိုက်ရသည်!!!ဒေါသထွက်လို့ရူးတော့မှာပဲ!!!

"လုပ်ပါ...သောက်စရာလေးတစ်ခုလောက်...အေးလာတယ်..."

"မကြိုဆိုတဲ့လူမို့လို့...ဘာနဲ့မှ ဧည့်ခံမနိုင်ပါဘူး..."

လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်ရင်းပြောလာသူကို Min Yoongiပြတ်သားစွာပြောလိုက်သည်...။

"ကောင်းပြီလေ...ကိုယ့်ဘာသာ ဖျော်သောက်ယူမှာပေါ့...ကြီးကြီးကျယ်ကျယ်မှတ်လို့ ဟွန့်!!! "

ခန္ဓာကိုယ်ကြီးနဲ့မှမလိုက်မဖက် မျက်စောင်းချီပြီးပြောသွားတဲ့ စကားကြောင့် MinYoongi အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား!သူက အခု ဘယ်လိုမြင်ကွင်းကြီးကိုမြင်လိုက်ရတာလဲ?

*ခွမ်း!!!

"အားးးး"

"ငါ့ခွက်တွေကွဲပြီလားးး"

အိမ်လေးထဲမှာ အသံသုံးသံက တစ်ဆက်တည်းလိုလို ထွက်ပေါ်လာကြသည်...။ပထမအသံက Kim Namjoonရဲ့ လက်က လွတ်ကျသွားတဲ့ ခွက်လေး မြေခသွားတဲ့အသံဖြစ်ပြီး ဒုတိယအသံက Kim Namjoonရဲ့ ခုနှစ်ချီအသံကြီးဖြစ်တယ်...။နောက်ဆုံးအသံဟာတော့ဖြင့် Min Yoongiရဲ့ နှမြောတသအသံတွေဖြစ်သည်...။

Knock!Knock! (Complete✅)Where stories live. Discover now