Part-6(Uni+Zawgi)

199 40 11
                                    

Kim Namjoonသတင်းတွေရထားပြီးပြီ...။Snowတို့ဘေးအိမ်က ညံစီနေမှုကြောင့် Snowအလုပ်ကို အာရုံစိုက်မရဘူးတဲ့!!!

ကယ်...ဒါဟာ သူ့အတွက် မဟာ့မဟာအခွင့်အရေးမဟုတ်ပါလား...။ကြားရက်တွေမှာ လုပ်ငန်းအရှုပ်အရှင်းနဲ့ ပြဿနာတွေကြားခေါင်းတိုးနေရလို့ ချစ်ရသူဘက်မလှည့်နိုင်ဖြစ်သွားတယ်...။အခုတော့ လူလုံးထွက်ပြဖို့အချိန်တန်ပြီ...ကယ်တင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့အတူပေါ့...။

မနက်စောစောမှန်ရှေ့မှာ တက်ကြွနေတဲ့ ညီဖြစ်သူ Kim Namjoonကိုကြည့်ပြီး Kim Seokjinသက်ပြင်းချလိုက်တယ်...။လူတစ်ယောက်ဟာ ချစ်မိရင် ပြောင်းလဲသွားတတ်သတဲ့...Kim Seokjinကြားဖူးတာတော့ အဲ့လိုပဲ...။ဘာဖြစ်လို့ သူ့ညီကျမှ အချစ်နဲ့တွေ့ရင် ရူးသွားကြတယ်ဆိုပြီး ပြောင်းသွားရတာလဲ?

အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက် ဆိုတာကို နားလည်ပေမယ့်...Kim Namjoonကျမှ ဘာလို့အရူးလုံးလုံးပြောင်းသွားရတာလဲ...။သူ့ snowအကြောင်းများပြောရရင် မျက်နှာဖုံးကြီးကောက်စွပ်ထားသလို ပြုံးဖြီးနေတာများမြင်မကောင်း...။

"ချစ်လားမေး ချစ်တာပေါ့...
ဘယ်လောက်ထိချစ်လဲမေး...ကမ္ဘာလုံးကြီးလောက် ချစ်တာပေါ့...
ဘယ်သူ့ကိုချစ်လဲမေး...Min Yoongiကို ချစ်တာပေါ့..."

    ထိုစကားဟာ Kim Namjoonမနက်ကတည်းက ထိုင်ရွတ်နေသည့် စကားစုဖြစ်သည်....။

အခုလည်း အပြင်coatအရှည်ကြီးကိုဝတ်လို့Snowဆိုတဲ့ သူရဲ့နှင်းလုံးလေးဆီသွားဖို့အဆင်သင့်ဖြစ်နေပြီတဲ့လေ...။

"အိမ်ပြန်နောက်ကျမယ်နော်...ထမင်းစားစောင့်မနေနဲ့တော့..."

"ငါမင်းကို ဘယ်တုန်းကများ​စောင့်ဖူးလို့လဲ? "

"ပြောကြည့်တာလေ...ရေလိုက်ငါးလိုက်ပြောပေးမယ်မရှိဘူး...အဲ့တာကြောင့်ပြောတာ...Snowပဲကောင်းတယ်..."

သွားမှာဖြင့်မသွားပဲနဲ့ စကားမရှိ စကားရှာ ရန်တွေ့သွားပြန်တာ Kim Namjoon...။ဘုရားသခင်ထံမှာ ဆုပန်ပါတယ်...အရင်တုန်းက စကားနည်းပြီး တည်ငြိမ်တဲ့ Kim Namjoonကိုပဲ ပြန်လိုချင်တယ်...။အခု Kim Namjoonက တအားနားငြီးတာပဲ!!!

Knock!Knock! (Complete✅)Where stories live. Discover now