"ဟိတ်!!! "အနောက်နားက ရုတ်တရက် ထအော်တဲ့အသံပေမို့ Min Yoongiနှလုံးသားတွေပြုတ်ကျတော့မလို့!!!ပုံမှန်လန့်တတ်တဲ့သူမဟုတ်ပေမယ့်လို့ တစ်ခါတစ်လေတော့ သူများတွေထပ်ပိုလို့ အသည်းနုတတ်သေးသည်...။သို့သော် မျက်နှာထားကတော့ ပျက်ယွင်းသွားခြင်းမရှိပဲ တည်ငြိမ်နေမြဲ...။
" ဘယ်သွာမှာလဲ? အပြင်သွားမှာလား? တစ်ယောက်တည်းသွားမှာလား? ဘယ်သူတွေပါအုံးမှာလဲ? "
"တော်တော့ကွာ!!!! "
ပူညံပူညံအသံတွေကို နားမခံနိုင်စွာ Min Yoongiပေါက်ကွဲမိသည်အထိ...။တစ်ဖက်လူကတော့ အောက်နှုတ်ခမ်းလေးကိုက်ထားပုံက သူ့အမှားသူသိသလို...။
Min Yoongiတကယ်မယုံနိုင်ပါ...ဒီလို အနောက်တိုင်းဝတ်စုံပြည့်ဝတ်ကာ အမြဲတမ်းအလုပ်ရှုပ်နေမည့်ပုံပေါ်သည့် လူဘော်ကျော့တစ်ဦးက သူ့အိမ်ရှေ့မှာ အမြဲရစ်သီရစ်သီလုပ်နေတတ်တဲ့ အလေအလွင့်သာသာပဲတဲ့လေ!!!
"တူတူသွားကြရအောင်လေ..."
"တော်စမ်းပါ!!! "
Min Yoongiကိုင်ထားသည့် လက်ဆွဲအိတ်လေးကို အတင်းအဓ္ဓမ လုယူနေပုံက လမ်းသွားလမ်းလာတွေမြင်ရင် အနုကြမ်းစီးနေသည် ထင်လိမ့်မည်မှာမလွဲ...။
Min Yoongi ထိုလူသားကို မပတ်သက်ချင်ပါ...။စတွေ့ကတည်းက ကောင်းမွန်တဲ့ရေစက်တွေနဲ့မှ မဟုတ်ခဲ့ပဲ...။လူတစ်ယောက်က သူ့ကိုဂရုမစိုက်မိဖို့အကောင်းဆုံးအချက်က ထိုလူသားတွေကို လျစ်လျှူရှုပစ်ခြင်းပဲမဟုတ်ပါလား...။
ထို့ကြောင့် Min Yoongiထိုလူ့ကိုကျော်ကာ ရှေ့ကနေထွက်လာလိုက်သည်...။ထိုလူကတော့ သူ့ဘေးကနေ ခြေလှမ်းမှန်မှန်တွေနဲ့ ကပ်ကာလိုက်လာတုန်း...။
"ကျစ်...Snow!!!ဖြေးဖြေးလျှောက်ပါဆို!!! "
Min Yoongiခြေလှမ်းတွေကို အရှိန်တင်လိုက်တော့ မကျေနပ်သံထွက်လာသည်က တိုးတိုးလေးဆိုပေမယ့် အံကြိတ်ကာပြောနေသည့်အသံမျိုး...။သို့သော် Min Yoongi ဂရုမစိုက်စွာ ခြေလှမ်းတွေ မြန်နေမိတုန်း...။
"Snow!!မဆိုးနဲ့ဗျာ!! "
Min Yoongiလက်ကိုလှမ်းဆွဲလိုက်တာများ လူသွားလမ်းမသိ ဘာမသိ!!!ပတ်ဝန်းကျင်က လူတစ်ချို့ကတော့ ကွက်ကြည့်ကွက်ကြည့်ဖြင့်စပ်စုကာ သူတို့အာရုံနဲ့သူတို့ပြန်ဖြစ်သွားကြပြန်သည်...။