Part-8(Uni+Zawgi)

158 37 11
                                    

"Snow~~"

Kim Namjoin၏အသံသည်ချစ်ခြင်းတွေနှင့်ချိုသာမှုအပြည့်ကိုမှ ပျားရည်စမ်းကာ သကြားဖြူးလို့အလှဆင်ထားသည်...။သို့သော် ကံဆိုးသည်က ရည်ရွယ်သူလေးမကြားလိုက်ရခြင်း...။ဘာကြောင့်ဆို...ရည်ရွယ်သူလေးက အိပ်ပျော်နေတာကိုး!!!

သူ့ပခုံးပေါ်ကိုမေးတင်ကာ အိပ်ပျော်သွားတဲ့ Snowက ဘယ်အချိန်တည်းက အိပ်ပျော်နေခဲ့လည်းမသိ...။Kim Namjoonရဲ့ ရင်ခွင်ကျယ်ကြီးမှာ ခိုနားမိတဲ့တစ်ခဏကို ရှက်သွေးဖြာကာ စကားမပြောနိုင်တော့တာဟုထင်ခဲ့သည်မှာ အလွဲအကြီးကြီး...။အမှန်က Snowအိပ်ပျော်နေလို့ စကားသံ ထပ်မကြားရတော့ခြင်းပေ...။

"သခင်လေးKim -"

"ရှူး...တိုးတိုး..."

အပြေးအလွှားလေးလာရောက်ကြိုဆိုတဲ့ ခြံစောင့်ဦးလေးကြီးကို အသံမကျယ်စေဖို့လေသံလေးနဲ့ ပြောရသည်...။မတော်လို့ Snowနိုးသွားရင် ဘယ်လိုလုပ်မလဲ...။

" ဦးလေး အိမ်ကိုသန့်ရှင်းရေးလုပ်ထားပြီးပြီ...ရေတွေလဲ တင်ထားပြီးပြီမို့လို့...ပြောင်းနေရုံပဲ...ကျန်တာ ဘာလိုသေးလဲ..."

"ရပြီဦးလေး..ကျေးဇူးတင်ပါတယ်..."

ခြံတံခါးကိုတော့ ဦးလေးအကူအညီနဲ့ဖွင့်နိုင်ခဲ့သည်...။ထို့နောက် ခြံထဲကနေ အိမ်ကလေးစီဦးတည်တဲ့လမ်းလေးတစ်လျှောက် လမ်းလျှောက်လာရင်း ဦးလေးကြီးနဲ့Kim Namjoonစကားတပြောပြောဖြစ်နေတာပင်...။

နှစ်ယောက်ကြားက စကားဝိုင်းဟာ လေသံတွေနှင့် တိုးညှင်းစွာသာဖြစ်သည်...။ဦးလေးကြီးဆိုရင် ပါးစပ်ကို လက်ဖဝါးနဲ့ပင်အုပ်ကာ ခပ်တိုးတိုးလေးပြောနေခြင်း...။

"ဒီမှာလာနေမှာဆို...အထုတ်တွေကရော? "

ဦးလေးကြီးက Kim Namjoonကိုလည်းမေးကာ ဘေးဘီကိုလည်းဝေ့ဝဲကြည့်သည်..။Kim Namjoonအသာပြုံးကာ ကျောပေါ်မှာသယ်ပိုးလာတဲ့ ခန္ဓာကိုယ်လေးကို တစ်ချက်ပင့်တင်လိုက်ကာ မေးဆက်ပြလိုက်သည်...။

" သူ့ကိုမေးရအုံးမှာ...သူသဘောကျရဲ့လားလို့..."

"သူက? "

"သူက ကျွန်တော့်ရဲ့သက်ဆိုင်သူ...တစ်ချိန်မှာ ဦးလေးက သခင်လေးလို့ခေါ်ရမယ့်သူ..."

Knock!Knock! (Complete✅)Where stories live. Discover now