Part 1

3.1K 134 2
                                    

My Husband Is My Girlfriend’s Brother

Unicode

“ဒေါက်တာ… ဒေါက်တာ”

ရုတ်တရက်ပြေးလာသော သူနာပြုဆရာမလေးစီစီကြောင့် တိုင်း လူနာကြည့်နေရင်း မော့ကြည့်လိုက်သည်။

“ဆရာမ ဘာဖြစ်လာတာလဲ”

“ဆေးရုံရှေ့ corridorမှာ လူတစ်ယောက်သောင်းကျန်းနေလို့ ဒေါက်တာ
ဒေါက်တာ ရွက်သစ်ဝေလည်း အနားမကပ်ရဲဘူးဖြစ်နေတယ်”

ဘယ်လိုလူများတွေများ ရောက်လာပြန်တာလဲမသိ။ Night Dutyဖြစ်တာကြောင့် တာဝန်ကျဆရာဝန်ကလည်း ကျွန်တော်နဲ့ ဂျူနီယာဆရာဝန်မလေးရွက်သစ်ဝေ နှစ်ယောက်သာရှိသည်။

“ဟုတ်ပြီ ကျွန်တော်လာခဲ့မယ်”

“ငါလိုးမသား မင်းကိုငါ ဘာမှမဖြစ်ဘူးလို့ပြောနေတယ်မလား”

“ဟုတ်ပါတယ်ကွာ ဒါပေမယ့် မင်းဗိုက်မှာ ဓါးရှပ်ထိထားတယ်လေ”

“မသေနိုင်ဘူး ဖယ်ကွာ ငါပြန်မှာ”

မြတ်မင်းတို့အုပ်စုနဲ့ Clubမှာ ရန်ဖြစ်ရင်း ဓါးထိလာတာမို့ သစ်ခက်ရိုင်းပြောနေရခြင်းဖြစ်သည်။ သူ့အမမျက်နှာကြောင့်သာမဟုတ်ရင် ဒီလောက်ခေါင်းမာတဲ့ကောင်ကို သေပါစေဆိုပြီး လွှတ်ထားလိုက်ချင်သည်။

“နေဦး”

ရုတ်တရက် နောက်ကျောဘက်က ထွက်လာတဲ့အသံသေးသေးက မင်းမိန့်ရဲ့ခြေလှမ်းများကို ရပ်တန့်သွားစေမိသည်။ လှည့်ကြည့်လိုက်တော့ သက်ရှိအရုပ်ကလေးတစ်ရုပ်က ပကတိကြည်လင်စွာ။ ဆံပင်ကိုနောက်သို့လှန်ကာ ဆီလိမ်း၍ဖီးသင်ထားပြီး မျက်မှန်ဝိုင်းလေးတပ်ထားပုံက တကယ့်လူကြီးပေါက်စလေးအတိုင်း။ မျက်ခုံးထူထူတန်းတန်းလေးတွေအောက်က ဝိုင်းစက်ကာ အရည်ပင်လဲ့ချင်နေတဲ့မျက်ဝန်းညိုကြီးတွေနှင့် နှာတံလေးကလည်း အောက်သို့ပြေပြေလေးဆင်းကာ ထိပ်၌လုံးနေသေးသည်။ အဆိုးဆုံးက ဆေးမကူပဲရဲနေတဲ့ နှုတ်ခမ်းပါးပါးသေးသေးလေး။ ကြည့်ရင်းနဲ့ပင် မင်းမိန့် ရေပင်ဆာလာရသည်။

တိုင်း သူ့ကို စားမတတ် ဝါးမတတ် စိုက်ကြည့်နေသော အကောင်ကြီးကြီးကောင်ကြောင့် အနေရခက်လာတာမို့ မျက်မှောင်ကြုတ်ကာ လှမ်းပြောလိုက်သည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now