Part 27

969 41 0
                                    

My Husband Is My Girlfriends Brother

Unicode

တေး မ,ကို လူအုပ်ကြားထဲကနေ အမြန်ဆွဲထုတ်လာခဲ့လိုက်သည်။ ဘာမဟုတ်တဲ့ ပေါကြောင်ကြောင်လူတွေကြောင့် မ,ကို စိတ်မညစ်စေချင်ပါ။

" တေး မ,တောင်းပန်ပါတယ် "

ပြောရင်းနှင့် မျက်ရည်များ စီးကျလာသော မ,ကြောင့် သူ့မှာ ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။

" ဟာ မ မငိုရဘူးလေ သူတို့ပါးစပ်ထဲရှိရာပြော‌ေနေကြတာ တေးက မ,အနားမှာ အမြဲတမ်းရှိနေမှာ "

သူပင် အထိအခိုက်မခ့နိုင်လွန်းလို့ အရိပ်တကြည့်ကြည့် နေခဲ့ရသောမိန်းကလေးကို မျက်ရည်ကျစေသည့် ထိုလူများကို စိတ်ရှိတိုင်းသာဆို သတ်ပြစ်မိလိမ့်မည်ထင်။ မ,ကို ထိခိုက်စေလျှင် နောက်ကနေလိုက်ရှင်းလေ့ရှိတာ သူကိုယ်တိုင်ပဲ မဟုတ်လား။ မျက်လုံးထဲပြန်ပေါ်လာသည်က လွန်ခဲ့သည့် နှစ်အချို့ကမြင်ကွင်းတစ်ခု။

**************

" မင်း လူစကားနားမလည်ဘူးလား "

တေး Counterမှာ ငွေရှင်းနေရင်း ကြားလိုက်ရသော အထက်စီးဆန်လွန်းလှသည့် အသံကြောင့် အတွင်းဘက်သို့ ကြည့်လိုက်တော့ Waitressတစ်ယောက်ကို မောက်မောက်မာမာတွေပြောဆိုနေသော မိန်းမတစ်ယောက်။ သူ့ဘက်သို့ ကျောပေးကာရပ်နေသော Waitressကို မမြင်ရပေမယ့် မျက်နှာကိုသေချာမြင်နေရသော ထိုအမျိုးသမီးက မောက်မာလွန်းသည်ဟုနာမည်ကြီးသည့် JA Group၏ ဥက္ကဌဦးရာဇမင်းထင်၏အမျိုးသမီးမှန်း သိလိုက်သည်။ မောက်မာချင်လည်းမောက်မာစရာ JA၏ ကြွယ်ဝချမ်းသာမှုက ယုံတမ်းပုံပြင်တစ်ခုမဟုတ်။ တေးလည်း ကိုယ်နဲ့မဆိုင်သည်ကြောင့် နေရာမှထွက်သွားရန်ပြင်လိုက်တော့

" တောင်းပန်ပါတယ်ရှင့် မရလို့ပါ ကျေးဇူးပြုပြီး နောက်မှာတန်းစီပေးပါ "

ကြောက်လန့်မှုမရှိ တည်တည်ငြိမ်ငြိမ်ထွက်လာသောအသံက သူ့ခြေအစုံကို ရပ်တန့်သွားစေသည်။

" မ,က ဘယ်လို "

ထူးဆန်းတာမထူးဆန်းတာ အသာထားကာ မ,ရှိရာသို့ရောက်အောင် အလင်း၏အမြန်နှုန်းနှင့် သွားရသည်။ ထိုအမျိုးသမီးက လက်ရွယ်နေပြီမဟုတ်လား။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now