Part 12

1.3K 69 2
                                    

My Husband Is My Girlfriend’s Brother

Unicode

“ ဒေါ်မိုးသက်မဒီ ရှင် ဒီအတိုင်း ဘာမှဆက်မလုပ်တော့ဘူးလား “

ရုံးခန်းထဲသို့ စည်းကမ်းမရှိစွာဝင်လာသူကြောင့် မော့ကြည့်လိုက်တော့ သစ္စာမဏ္ဍိုင်ဆိုသော ကောင်မလေး

“ ဘာကိစ္စ လာတာလဲ “

သူ လက်ထဲကဖိုင်ကို အကြည့်မလွှဲပဲ မေးလိုက်တော့ ဦးတည်လာသည်က သားနဲ့ဟိုကောင်လေးအကြောင်း

“ သူတို့အခြေအနေက အရင်ထက်ပိုဆိုးလာပြီနော်
ရှင်ဒီအတိုင်းပဲ ကြည့်နေတော့မှာလား “

“ ငါ့ဘာသာလုပ်မယ် မင်းဝင်ပါစရာမလိုဘူး “

“ ပြီးတာပဲ ဒါဆိုကျမသွားမယ် “

ထိုကောင်မလေးထွက်သွားတာနဲ့ သူမ ဖုန်းနံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်သည်။

“ အင်း တိုင်းရှစ်ခွင်ယံကို ငါ့ဆီခေါ်လာခဲ့ “

“ …. “

**

အခန်းတွင်း၌ထိုင်နေရင်း စိတ်တို့က ကယောက်ကယက်
သူဒီ့ထက် အချိန်ပိုဆွဲနေလျှင် ကိုကို့ကို မရနိုင်တော့မည်က အသေအချာ။
သူဘာဆက်လုပ်သင့်သလဲ

“ ငါဘာဆက်လုပ်ရမလဲ
ဟိုဘွားတော်က ငါ့ကို လိမ်နေတာလား
ကိုကို့ကိုသာ ငါမရတော့ရင်
ဟင့်အင်း မဟုတ်ဘူး ကိုကိုက ငါ့အပိုင်
ဟိုကောင် တိုင်းရှစ်ခွင်ယံ
ဟုတ်တယ် သူမရှိရင် ကိုကိုက ငါ့ကိုပြန်ချစ်မှာ “

ဆေးနံ့တွေ မွှန်ထူနေသော အခန်းက သာယာမှုတို့ ဗလာနတ္ထိကင်းမဲ့နေပြီး အခန်းတွင်းက ဆေးစွဲနေသောအမျိုးသမီးကလည်း ကပိုကရိုနှင့် အကျည်းတန်စွာ။
အသိဉာဏ်မဲ့နေသူက လုပ်သင့်မလုပ်သင့်မစဉ်းစားနိုင်ပဲ လူ့အသက်ကို ရန်ရှာရန်ပင် တွေးတောနေသေးသည်။

အတ္တနှင့် လောဘတို့က ချစ်သူနှစ်ဦးကို ဓားစာခံ ဖြစ်စေခဲ့လျှင်…

**

“ Sorry ကိုကိုရယ် ကားတွေပိတ်နေလို့ ခနပဲစောင့်နော်
ဘယ်မှမသွားနဲ့ မောင်ခနနေရောက်မယ် “

“ အင်းပါ မောင်ရဲ့ ငါစောင့်နေမယ်နော် “

တိုင်း ဆေးရုံကနေအလုပ်ဆင်းတော့ ညနေ၅နာရီပင် ရှိသေးသည်။
ကားတွေကလည်း ကြပ်နေပုံ ရန်ကုန်မြို့ပြရဲ့အထာတို့ကြောင့် တစ်ဘီးချင်းလှိမ့်နေသော ကားတွေက လိုရာသို့ ခရီးမရောက်။
သူဆေးရုံထဲမှာ မစောင့်တော့ပဲ ဆေးရုံရှေ့ ကားလမ်းမသို့ ထွက်လာလိုက်သည်။
သူ ဒီနေ့ မောင့်ကို ဝမ်းသာစရာသတင်းတစ်ခု ပြောပြဖို့လည်းရှိနေသည်မို့ လိုတာထက်ပို၍ စိတ်စောနေမိသည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now