Part 4

1.7K 97 4
                                    

My Husband Is My Girlfriend’s Brother

Unicode

“ ကိုကို ”

တစ်လနီးပါးရှိပြီ။ ဒီကောင်လေး အခုထိလက်မလျော့သေး။ တိုင်းဆေးရုံသွား ဆေးရုံပြန် အချိန်တိုင်းလျှောက်လိုက်နေသည်။ ထိုမျှမက တိုင်းဆေးရုံမှာ အလုပ်လုပ်နေတဲ့တစ်လျှောက်လုံးလည်း RCမှာထိုင်နေတတ်သလို ဆေးရုံဝန်းထဲမှာ လျှောက်သွားနေလေ့ရှိသည်။ နောက်ကနေလိုက်ကြည့်နေတော့ တဖြေးဖြေး တိုင်းစိတ်ရှုပ်လာရတာမို့ ဆူဆောင့်ကာ အော်လိုက်မိသည်။ ဒါကိုပင် သကောင့်သားက အပြုံးတချက်မပျက်ပဲ ပြီတီတီနှင့်ပင် ထူးလာသေးသည်။

“ မင်းအမိန့်တော် ”

“ ဗျာ မောင့်ကို ဘာပြောမလို့လဲ ကိုကို မောင်နားထောင်နေပါတယ် ”

သူ နောက်ကနေ တကောက်ကောက်လိုက်နေလို့  ကိုကိုက စိတ်ရှုပ်နေဟန်။ သူစိတ်ရှုပ်နေပါပြီဆိုတာကို မျက်ခုံးထင်းထင်းလေးနှစ်ဖက်ကို စုကျုံ့ကာ နှုတ်ခမ်းရဲရဲသေးသေးလေးကို ဆူထုတ်၍ပင် သက်သေပြနေသေးသည်။ တကယ်ပါ ကိုကိုက မင်းအမိန့်တော်ဆိုတဲ့သူ့အတွက် ဘယ်သောအခါမှ ရုန်းထွက်နိုင်မည်မဟုတ်သည့် နွံအိုင်လေး။ သူကိုယ်တိုင်ကလည်း ဘယ်သောအခါမှ ရုန်းထွက်မည်မဟုတ်သည့် နွံအိုင်လေး။ လူသားတွေအတွက် အသက်ရှင်ဖို့က အောက်ဆီဂျင်ဆိုလျှင် သူ့ဘဝအတွက် နေ့ရက်တိုင်းမှာ အဓိပ္ပာယ်ရှိစေဖို့ ကိုကို့ကို လိုအပ်ပါသည်။

“ ဟွန့် မင်း ငါ့နောက်ကိုလျှောက်မလိုက်နေနဲ့လေ ”

သေပါပြီ ကိုကိုရယ်။ မလိုက်နဲ့ဆိုတာကို ဒီအတိုင်းပြောလည်းရပါတယ်ဗျာ ဟွန့်ဆိုပြီး လုပ်လိုက်စရာမလိုပါဘူး။ ဒီကကောင်က မခြွေခင်တည်းက ကြွေနေပါတယ်ဆိုမှ။

“ အား ချစ်လိုက်တာ ကိုကိုရယ် ”

“ အင့် ”

ရုတ်တရက် တိုင်းကိုယ်လုံးလေးကို အတင်းဆွဲဖက်ကာ မ လိုက်တာမို့ အင့်ခနဲဖြစ်ကာ ကြမ်းပြင်နဲ့ခြေထောက်ပင် လွတ်သွားရသည်။

“ မင်း.. မင်းနော် ငါ့ကိုအောက်ချပေး ”

“ ရွှတ် ရွှတ် ကိုကိုကချစ်စရာလေးဗျာ ”

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now