Part 19

1.1K 56 0
                                    

My Husband Is My Girlfriend’s Brother

Unicode

တဆစ်ဆစ်ကိုက်နေသောခေါင်းနှင့် နာကျဉ်နေသောအောက်ပိုင်းကိုလျစ်လျူရှုကာ ထထိုင်လိုက်တော့ အချိန်အားဖြင့် မနက်(2)နာရီပင်ရှိသေးသည်။ ကုတင်ဘေးရှိရေကရားကို တစ်ချက်လှုပ်ခါကြည့်တော့ ရေအနည်းငယ်မျှပင်မရှိ။ ခါးကိုရစ်တွယ်ကာ အိပ်မောကျနေသော မောင့်လက်ကိုဖယ်ကာ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။

ပြောင်လက်နေသောကျွန်းလှေကာကြီးမှ တစ်ထစ်ချင်းဆင်းလာရင်း မျက်လုံးထောင့်စွန်းမှလူရိပ်တစ်ခုတွေ့လိုက်သည်မို့ ထိုအရိပ်၏လားရာ စတိုခန်းနှင့် အခန်းလွတ်တွေဘက်ကို တိတ်တဆိတ်လျှောက်လာခဲ့လိုက်သည်။ အနည်းငယ်ဟကာ အခန်းတွင်းအလင်းရောင်တစ်ချို့အပြင်ဘက်သို့ပင် ဖိတ်စင်နေသောအခန်းရှေ့ခြေစုံရပ်လိုက်ရင်း တံခါးကိုအသာဆွဲဖွင့်လိုက်တော့ သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုက စီးကြိုလျက်။

ဒုတ်

တိုင်း ကြောက်ရွံ့စွာခြေတစ်လှမ်းဆုတ်မိတော့ ပစ္စည်းတင်စင်သေးသေးလေးတစ်ခုနှင့်တိုက်မိသွားသည်။

“ မဟုတ် ခင်ဗျား … “

အာစေးမိထားသူတစ်ယောက်လို ဘာစကားမှဟုတ်တိပက်တိထွက်မလာ။

“ မင်း ဘာလာလုပ်တာလဲ “

တိုင်း ကြောက်လန့်တကြား ခေါင်းကိုတွင်တွင်ခါရင်း လာရာလမ်းကိုပြန်လှည့်ပြေးခဲ့လိုက်သည်။ လှေကားထစ်တွေကို တစ်ဒုန်းဒုန်းပြေးတက်ရင်း မျက်လုံးထဲပြန်မြင်လာသည်က သွေးတွေနှင့်ပုံပန်းပျက်နေသောမဏ္ဍိုင် ပြီးတော့သူ့ရှေ့က စိတ်နဲ့ကိုယ်မကပ်သလိုဖြစ်နေသည့် ဒေါ်မိုးသက်မဒီ။ ဘာလို့အဲ့လောက်ထိ လုပ်ရက်ရတာလဲ…

“ အား “

ဒုန်း

တုန်ရီနေတဲ့ခြေလှမ်းတွေက တစ်ချက်မျှချော်ထွက်သွားကာ လှေကားပေါ်မှ ဒလိမ့်ခေါက်ကွေး ကျသွားသည်ကိုခံစားလိုက်ရပြီးနောက် သူ့ကမ္ဘာကရုတ်ချည်း မည်းမှောင်သွားတော့သည်။

.
.
.
.
.

“ ကိုကို ! “

တစ်ဒုန်းဒုန်း တဒိုင်းဒိုင်း ဆူညံသံများကြောင့် မင်းမိန့်အိပ်ယာကလန့်နိုးလာတော့ ဘေးမှာကိုကိုကရှိမနေ။ စိတ်ပူစွာအခန်းအပြင်ထွက်လာမိပြီးနောက် လှေကားရင်းကမြင်ကွင်းက သူ့ကိုသေစေနိုင်လောက်သည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now