Part 16

1.4K 68 0
                                    

My Husband Is My Girlfriend’s Brother

Unicode

“ မင်းအမိန့်တော် သားနဲ့ မတည့်ပါဘူးဆို ဘာလို့ကျွေးလိုက်တာလဲ “

“ သူ စားချင်တယ်ဆိုလို့ “

“ ကလေးစားချင်တယ်ဆိုတိုင်း ကျွေးစရာလား ဟမ် “

ကိုကိုဆူနေတာကြောင့် သူ့မှာ မကြောက်ပေမယ့်လည်း ငြိမ်ခံနေရသည်။
ဟိုကောင် Royalကတော့ ဒီပြဿနာ သူနဲ့လားလားမျှမသက်ဆိုင်သလိုပင်။

ကောင်းကြသေးရဲ့လား စားတော့သူ အဆူခံရတော့ ဟောဒီက မင်းအမိန့်တော်
နောက်တစ်ခါ အဲ့လဒမျက်နှာကို မဲ့ပြပြ ပြူးပြပြ မကျွေးဘူး
ကိုကိုကလည်း သူ့သားကျတော့မဆူဘူး ငါ့ကိုပဲဆူနေတယ်
တကယ်မတရားဘူး

အခုချိန်မှာ ပေါင်ချိန်သာရှိလျှင် မတရားခံရတာပါဆိုပြီး ခုံရုံးရှေ့သာ ပြေးအော်လိုက်ချင်သည်။

***

“ ငါ ငါ ဆေးလိုချင်တယ် “

မှောင်မည်းနေသော အခန်းထဲတွင် အမျိုးသမီးတစ်ဦး ယင်းထကာ အော်ဟစ်သောင်းကျန်းနေသည်။
အခန်းတစ်ခန်းလုံးကလည်း ရှင်းလင်းကာ ဘာဆိုဘာမှမရှိ။
ညစ်ထေးက သွေးနံ့ဆေးနံ့တို့ဖြင့် အနံ့အသက်တို့ကလည်း ပျို့အန်ချင်စရာ။

ကျွီ…

တံခါးဖွင့်သံနှင့်အတူ မှောင်မည်းနေသောအခန်းထဲသို့ အမျိုးသမီးတစ်ဦးက အလင်းရောင်အချို့နှင့်အတူ ဝင်ရောက်လာသည်။
အပေါ်အောက် နက်စွေးနေအောင် ဝတ်ဆင်ထားသောအမျိုးသမီးက မြင်ရသူအဖို့ မရဏသေမင်းအလား။
ရုပ်ရည်အားဖြင့် အပြစ်ပြောစရာမရှိအောင် ပြစ်မျိုးမှဲ့မထင်ချောမောသော မိန်းမက သိပ်ကိုရက်စက်တတ်သည်။

“ Morning “

ခြေထောက်နှစ်ဖက်ကို ကျကျနနချိတ်လျက် ထိုင်ခုံပေါ်မှာထိုင်ကာ သူ့ကို ကြည့်နေသော အမျိုးသမီးကြောင့် မဏ္ဍိုင် ချွေးစေးတို့ပြန်လာရသည်။

“ ငါ ငါ့ကို ဘာလို့ဖမ်းထားတာလဲ “

“ ဘာလို့လဲ ဟုတ်သားပဲ ဘာလို့ပါလိမ့်နော် “

ခပ်ပေါ့ပေါ့ ခပ်ရွဲ့ရွဲ့နှင့် ပြောလာသောအမျိုးသမီးက စိတ္တဇလူသတ်သမားတစ်ယောက်နှယ်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now