Part 6 🔞

2.3K 100 6
                                    

My Husband Is My Girlfriend’s Brother

Unicode

Warning🔞

ဒီအပိုင်းမှာ စကားလုံးရိုင်းရိုင်းတွေ Adult Senceတွေပါတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့နော်။ ကြိုတင်အသိပေးပါတယ်။ မကြိုက်ရင်ကျော်သွားပါ။

---------

အချိန်အားဖြင့် ည(၈)နာရီ

နောက်ကနေ လူတစ်ယောက်လိုက်လာတာ တိုင်းသိပါသည်။ ဒါပေမယ့် လှည့်မကြည့်ရဲ ထို့ကြောင့် တတ်သမျှ မှတ်သမျှဘုရားစာအကုန်ရွတ်၍ အိမ်ရောက်အောင်သာ သုတ်ခြေတင်ရတော့သည်။ ပုံမှန်ဆို ၅နာရီဆိုတာနဲ့အလုပ်ဆင်းတတ်ပေမယ့် ဒီနေ့မှ လူနာတွေအရမ်းများနေတာမို့ တိုင်းနောက်ကျနေခြင်း။ လူပြတ်တဲ့နေရာဖြစ်ကာ လမ်းမီးတိုင်တစ်ချို့ရှိ၍သာ တော်တော့သည်။

“ အားးး မေမေရေ့ ”

ရုတ်တရက် နောက်ကနေ ဂုတ်ကိုလှမ်းဆွဲလိုက်တာမို့ တိုင်း အော်လိုက်မိသည်။ ကြောက်အားလန့်အားနှင့် မျက်လုံးကို စုံမှိတ်ကာ ဖွင့်ကြည့်ဖို့ကိုသတိမရ။

“ ကယ်ကြပါ.. အု ”

ပါးစပ်ကို လက်နဲ့ပိတ်ထားတာကြောင့် အသံမထွက်တော့။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မထင်မှတ်ထားစွာ ၆နှစ်ကျော် စောင့်နေခဲ့ရသော ချစ်ရသူ။

“ အရမ်းများလန့်သွားလား အဟက် ”

လှောင်ရယ်ကာ ပြောလာသောကောင်လေးက အရင်ကသူ့ကို ကိုကိုလို့ခေါ်ပြီး တကောက်ကောက်လျှောက်လိုက်တတ်တဲ့ လူဆိုးကောင်လေးနဲ့ လားလားမျှမသက်ဆိုင်။ သူအံ့ဩစွာ ကြည့်နေမိတုန်း အရုပ်တစ်ရုပ်လို ကောက်မက ပခုံးပေါ်ပစ်တင်လိုက်တာမို့ တိုင်းအလန့်တကြား အော်လိုက်မိသည်။

“ အားးး ဘာ ဘာလုပ်တာလဲ ငါ့ကိုချပေး ”

“ အိမ်ရောက်ရင်ချပေးမယ် အရမ်းမလောနဲ့ ”

“ မရဘူး အခု အခု အခုချပေး ”

“ ဘာလဲ ခင်ဗျားက Public Sexလုပ်ချင်တာလား
မောင်က ဘယ်နေရာမဆို အိုခေတယ်နော်
ခင်ဗျားသဘောပဲ ”

“ ဟမ် ”

ခဏလောက်စဉ်းစားလိုက်မှ အခြေအနေကိုသဘောပေါက်သွားတာမို့

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now