Part 21

1.1K 47 0
                                    

My Husband Is My Girlfriend’s Brother

Unicode

“ ဘာလို့လဲ ဒီ4နှစ်တာ ကာလလုံး မျက်နှာတစ်ချက်အပျက်မခံပဲ ချစ်ပေးခဲ့တာတေးပါ။ ဘာလို့ ကိုယ့်ကို မချစ်တဲ့ အဲ့ယောကျ်ားကိုပဲ စိတ်ထဲထည့်ထားရတာလဲ ဘာလဲ တေးက မိန်းကလေးမို့လို့ပြန်မချစ်နိုင်တာလား “

တေး တကယ်သည်းမခံနိုင်တော့ပါ။ ထပ်ခါထပ်ခါကြားနေရသော အဖြေကိုလည်း ထပ်မကြားချင်တော့ပါ။ သူရော အချစ်ခံဖို့ မထိုက်တန်ဘူးလား။ တွယ်တာမိတဲ့လူနှစ်ဦးကလည်း ထွက်သွားဖို့ပဲလား။ ပထမ ဂေဟာကမွေးစားထားသော သားလေးကလည်းအချိန်တိုလေးအတွင်း သူ့ကိုထားခဲ့သည်။ အခုလည်း…

“ ငါ ကိုတိုင်းကိုချစ်ခဲ့တာ ပေါပေါပဲပဲမဟုတ်ဘူး တေး
ပထမဆုံးနဲ့နောက်ဆုံးချစ်ခဲ့တာ သူတစ်ယောက်တည်းပဲ
ယောကျ်ားရယ် မိန်းမရယ်ဆိုတာကို ငါပြောနေတာမဟုတ်ဘူးတေး
ငါတို့လည်း ခေတ်လူငယ်တွေပဲ လိင်တူချစ်ကြိုက်တာ လိင်ကွဲချစ်ကြိုက်တာက ဘာမှအဲ့လောက်ထိ ကွဲပြားမသွားဘူးဆိုတာနားလည်တယ် အချစ်ကအချစ်ပဲ အဲ့လိုပဲ ငါကိုတိုင်းကို ယောကျ်ားတစ်ယောက်မို့လိုဆိုပြီး ချစ်ခဲ့တာမဟုတ်ဘူး ကိုတိုင်းမို့လို့ချစ်ခဲ့တာ “

“ ဒါဆို ဘာလို့ မင်းမိန့်လက်ထဲထည့်ပေးခဲ့သေးလဲ ခင်ဗျားဗျာ”

တေး နာမလည်ချင်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ပဲ မဟုတ်လား။

“ နင်တကယ်ချစ်တတ်သွားတဲ့တစ်နေ့ကျရင် ငါ့စိတ်ကို နားလည်သွားလိမ့်မယ် တေး “

ဒီကောင်မလေးက အချစ်ကိုနားမလည်သေးမှန်း ရွက်သစ်သိပါသည်။ သူခံယူထားတဲ့ အချစ်က ပေးဆပ်ခြင်းသက်သက်ဆိုတာ ချစ်တတ်လာတဲ့သူတိုင်း နားလည်နိုင်လာပါလိမ့်မယ်။

အချစ်ကတိမ်တွေလိုပဲ
မပိုင်ဆိုင်ရလည်း ငေးကြည့်နေခွင့်ရရုံနဲ့ ကျေနပ်နေရတာမျိုး

စွန့်လွှတ်တတ်ခြင်းကလည်း ချစ်ခြင်းရဲ့ အနုပညာတစ်ရပ်ပဲမဟုတ်လား …

***************************

“ မောင် “

ခေါ်သံက နူးညံ့ချိုအီနေသည်မဟုတ်ပဲ ရင်ကိုအေးစေရုံမတိုးမကျယ်အနေအထားလေးပင်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now