Part 11

1.4K 66 3
                                    

My husband Is My Girlfriend’s Brother

Unicode

“ မောင် ငါဒီနေ့ night dutyရှိတယ်နော် အဲ့ဒါ မောင်တစ်ယောက်တည်းနေလို့အဆင်ပြေမယ်မလား “

“ မောင် မနေတတ်ဘူး
ညဘက်တော့ပြန်လာလို့မရဘူးလား “

အိပ်ယာပေါ်မှာထိုင်၍ ဆေးရုံသွားဖို့ပြင်နေတဲ့တိုင်းကိုကြည့်ကာ မောင်ကပြောလာသည်။
တစ်ခါတစ်လေကျရင် တည်ငြိမ်သလိုနဲ့ ချွဲတတ်သေးတဲ့မောင်က ဥတုသုံးပါးမရွေးထရွာတတ်တဲ့ မိုးပြေးလေးလိုပဲ သိပ်ကိုချစ်ဖို့ကောင်းသည်။

“ မောင်ရယ် ဒီတစ်ပတ်ပါပဲနော်
ငါကအလုပ်လုပ်နေတာမို့ မောင်ကနားလည်ပေးမယ်မလား ဟင် “

ကုတင်ပေါ်မှာ ထိုင်နေတဲ့ မောင့်ခေါင်းလေးကို ပွတ်သပ်ကာ ချော့မော့သလိုလေသံလေးနဲ့‌ ပြောလိုက်တော့ မောင်က ခေါင်းတဆတ်ဆတ်ညှိမ့်ပြကာ
နားလည်ကြောင်းပြောလာသည်။

“ မောင်နားလည်ပါတယ် ကိုကိုရဲ့
မောင်က ကိုကို့ကို သိပ်ချစ်တာနော်
မောင် အလုပ်ဆင်းရင် မောင့်ကို လာတွေ့မယ်နော် “

“ မောင့်ကိုလည်း ငါက သိပ်ချစ်တာပါ မောင်ရဲ့
မောင် အားရင် ငါ့ဆီလာခဲ့ ဟုတ်ပြီလား “

“ အင်း “

“ လာပါဦး ငါ့ရဲ့အသည်းအသက်ကလေးကို နမ်းပါရစေဦး “

မွမွ

တိုင်း မောင့်မျက်နှာပြင်တစ်ခုလုံးကို နှုတ်ခမ်းလေးနဲ့ ဖိကပ်နမ်းလိုက်တော့ မောင်က သဘောကျစွာ ရယ်လာသည်။
တကယ်ပါ မောင်က သိပ်ချစ်ဖို့ကောင်းလွန်းနေသည်။

**

“ ဟုတ်ကဲ့ ကျွန်မတို့ဘက်က ကမ်းလှမ်းမှုကိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် ကိုမင်းအမိန့်တော် “

“ ရပါတယ် ဒါကလည်း နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အလုပ်ပဲလေ “

“ တစ်လက်စတည်း ဒီကမောင်ရင်ကို အကူအညီတောင်းပါရစေကွယ် အန်ကယ်က ဒီနေ့ညပဲ ပြင်ဦးလွင်တက်မှာဆိုတော့ အန်ကယ့်သမီးလေးကို မောင်ရင်ကပဲ ရန်ကုန်က သွားစရာနေရာတွေ လိုက်ပို့ပေးလို့ရမလား “

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now