Part 22

1.1K 50 0
                                    

My Husband Is My Girlfriend’s Brother

Unicode

မီးခိုးခေါင်းတိုင်ကထွက်လာသော အငွေ့ဖြူဖြူတို့ကို လိုက်ကြည့်ရင်း အတွေးတို့ယောက်ယက်ခပ်နေမိသည်။ ငိုချင်ပေမယ့် မျက်ရည်တို့က ကျမလာ။ ရုတ်တရက်ကြီးဖြစ်သွားလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။

“ မောင် “

အေးချမ်းတဲ့အသံနုနုကြောင့် အတွေးတို့မှအမြန်ရုန်းထွက်လိုက်ရသည်။ နုစင်စင်မျက်နှာလေးနှင့်လိုက်ဖက်စွာ အနက်ရောင်ရှပ်လက်ရှည်လေးနှင့် နီညိုရောင်အကွက်စိပ်ပုဆိုးလေးဝတ်ထားသော ကိုကိုကတော့ သူ့အတွက်ဘယ်အချိန်မှာပဲဖြစ်ဖြစ် အေးချမ်းရာလေးဖြစ်စေခဲ့သည်။

“ မောင် ငိုချင်နေတယ်မလား စိတ်ကိုတင်းမထားနဲ့ ငါရှိတယ် “

ထိုစကားလေးတစ်ခွန်းက ကာဆီးထားသောရေကာတာကြီးကို ပြိုပျက်စေသလို တင်းခံထားသောမျက်ရည်များကို တသွင်သွင်စီးကျစေသည်။ ခန္ဓာကိုယ်သေးသေးကို တင်းနေအောင်ဆွဲဖက်ရင်း ပုခုံးပြင်သေးသေးလေးပေါ် ခေါင်းမှောက်ချလိုက်မိသည်။

ပုခုံးပေါ်က ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တော့ တအင့်အင့်ရှိုက်သံထွက်လာတာကြောင့် တိုင်းရင်ထဲနေလို့မကောင်း။ အတင်းဖက်ထားတာကြောင့် အသက်ရှူကြပ်လာပေမယ့် မတွန်းဖယ်ရက်။ ငိုလိုက်ပါမောင် ဒီနေ့ပြီးရင် ထပ်ငိုခွင့်မပြုတော့မှာမို့ စိတ်ရှိတဲ့အတိုင်းသာ ငိုချလိုက်ပါ။ ကိုယ့်အသက်အန္တရာယ်ကိုထိခိုက်စေခဲ့တဲ့သူဆိုပေမယ့် မောင့်ကိုမွေးထုတ်ပေးခဲ့တဲ့သူမို့ ဒေါ်မိုးသက်မဒီကို တိုင်း မမုန်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိဘတစ်ယောက်မို့ အတ္တကြီးတာ သူလက်ခံနိုင်ပါသည်။

ခန္ဓာကိုယ်သေးသေးလေးကို တင်းကြပ်နေအောင်ဖက်ထားမိရင်း ငိုနေမိကာမှ ရုတ်တရက်သတိရသွားသည်က ကိုကို့အသားတွေနာနေလောက်ပြီဆိုတာပင်။

“ အင့် ဟင့် နာသွားလားကိုကို “

ငိုနေရာမှ ခေါင်းလေးဆတ်ခနဲမော့ကာ မေးလာသောကလေးလေးကြောင့် တိုင်းပြုံးလိုက်မိသည်။ တအားငိုထားတာကြောင့် နှာခေါင်းထိပ်လေးရဲနေပြီး ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းလေးတွေက မခြောက်သေး။ ပါးပေါ်က မျက်ရည်စီးကြောင်းလေးတွေကို လက်မလေးနှစ်ဖက်နှင့်ဖိသုတ်ပေးလိုက်ရင်း နှာခေါင်းထိပ်လေးကို ဖိနမ်းလိုက်တော့ နားရွက်ဖျားလေးတွေရဲသွားသည်မို့ တိုင်းမှာပြုံးလိုက်မိသည်။ သူ့ကောင်လေးရှက်တတ်တာသိပေမယ့် မတတ်နိုင်တော့ သူဒီကလေးလေးကိုတအားအသည်းယားနေပြီ။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now