Part 1

729 66 3
                                    

ခြောက်လန့်နေတဲ့ တစ်စုံတစ်ရာ
အတိတ်ကိုပြန်မြင်တိုင်း ကြောက်ရွံ့နေတုန်းဘဲ

#

*ပြေးနေတယ် အဆုံးမရှိတဲ့လျှောက်လမ်းမှာ တစ်ယောက်တည်း ပြေလွှားနေတာ
ဟင်...ပန်းခင်းကြီး နေကြာပန်းခင်းကြီးထဲမှာ ငါအခုရောက်နေတာဘဲ
ဒါလည်းအဆုံးမရှိပြန်ဘူး
တွေ့ပြီ တစ်စုံတစ်ယောက် ဒါပေမယ့် ကျော ဘက်လေးဘဲ တွေ့တယ် သူလှည့်လာတယ် သူ... သူ သိပ်လှတယ် ဟင် လှပတဲ့ ကောင်လေး မျက်အိမ်ထဲက
ကျဆင်းလာတဲ့ ရေကြည်ပေါက်လေးတွေနောက်ဆက်ကြည့်မိတော့ နှုတ်ခမ်းထောင့်လေးနှစ်ခုက ညွတ်ကွေးရုံလေး ပြုံးပြတယ်

လောကကြီးက ချက်ခြင်း အမှောင်ဖုံးသွားပြန်ပြီ
ကိုယ်ပြန်ပြုံးပြဖို့ အချိန်မရခင် ပျောက်ကွယ်သွားပြန်တယ် ခဏလေးပါဆိုပြီး ထွေးပွ့ ခွင့်မရပြန်ဘူး*

ကိုယ်မျက်လုံးဖွင့်လိုက်တဲ့အချိန် မျက်စိကစားလိုက်တော့ မနက် ၇ နာရီ သေချာတာပေါ့ လင်းထိန်နေပြီဖြစ်တဲ့ ပတ်ဝန်းကျင်မှာ တစ်ခုတည်းသော မည်းမှောင်နေတဲ့ အခန်းထဲ အမြဲမက်နေကြဒီအိပ်မက်
အစကခြောက်လန့်နေပေမယ့် အခုနေသားကျသွားပြီ ထင်တယ် ပုံမှန်အတိုင်းဘဲ နိုးထလာတတ်တော့တယ်
ဒါပေမယ့် ‌ဒီနေ့မှ ထူးခြားစွာ မျက်နှာလေးမြင်ခွင့်ရလိုက်တာမို့ မနက်ခင်း အာရုံကိုထွေပြားစေတယ်
ဒါဖြင့် ကိုယ်အမြဲတွေ့နေကျ အနှီကောင်လေးကကော
ဒါမျိုးမက်ပါ့မလား သူ့ကိုရော ခြောက်လန့်နေလေမလား ကိုယ့်ရဲ့စိတ်အလုံးစုံက သူ့ကိုဘဲစိတ်ပူနေမိတယ်
အိပ်မက်ထဲအမြဲ ပါလာတတ်တဲ့ကောင်လေးက နေကြာပန်းခင်းကြီးနဲ့အတော်လိုက်ဖက်တယ် မျက်ဝန်းထဲက ကျနေတဲ့ မျက်ရည်တွေနဲ့ လုံးဝမလိုက်ဖက်အောင် တောက်ပနေတဲ့ ကောင်လေးရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ နှုတ်ခမ်းပါးလေးက
လုံးဝဆွဲမက်စရာအတိ
ကျနော်အတိတ်ဘဝကိုယုံကြည်တယ် တချို့က ဒါကို စိတ္တဇဆန်ဆန်တွေးပေမယ့် ဒါက ကျနော်ဆပ်ရမဲ့အပြစ်ကြွေးကို ညွှန်ပြနေတဲ့ တစ်ခုထဲသော အနာဂတ်
ကိုယ်မင်းကိုလိုက်ရှာပါ့မယ် စောင့်နေလေမလားလို့ တစ်ကိုယ်ကောင်းဆန်ဆန်တွေးမိပြန်တယ်
အဟက်...ပြန်ပြင်မရတဲ့ အတိတ်မှာရော အခုရော အတ္တကြီးတုန်းပါလား ကင်ထယ်ယောင်း တစ်ကိုယ်တော် ရေရွတ်နေတုန်း
အတွေးထဲနယ်ချဲ့တက်လွန်းတဲ့ ကောင်လေးကို ရှာပုံတော်ဖွင့်ဖို့သွားရမယ်ဆိုပြီး အမြန်ပြင်ဆင်ရတယ်

Owner (Completed) Where stories live. Discover now