Part 5

257 35 6
                                    

ဒီနေ့အတွက်တော့ လောကကြီးက အရမ်းလှပနေသလို ကိုယ်တိုင်တောင်မသိလိုက်ဘဲ နှုတ်ခမ်းပါးကနေ ကြိမ်နှုန်းမသိတော့‌ေလာက်အောင် ပြုံးနေမိတာ ကိုယ့်အရှေ့က လူသားကြောင့် အခုလည်း စားနေတာက တကယ်ကို ချစ်စရာကောင်းပြန်ရော
နေ့လည်စာအတွက် ပါစတာဆိုင်လေးကိုခေါ်လာမိလိုက်တယ် ဒါဟာကိုယ်စားနေကြမဟုတ်ပေမဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ ထိုင်နေတဲ့
ရှဉ့်ပေါက်လေးက ကြိုက်တယ်နေမှာ ဒီတော့ ပီတိဖြစ်ရတာပေါ့

"မောင် စားလေ ဘာလို့လည်း"
စိတ်မတည်ငြိမ်သလိုဖြစ်နေတဲ့မောင်က လက်ဖျားလေးတွေအေးစက်နေတာ သတိထားမိပေမဲ့ ချွေးလေးတွေပါ အနည်းငယ်စို့လာတော့ စိတ်ပူရတယ်

"အစ်ကို မကြိုက်လို့လား ကျတော် အားနာလိုက်တာဗျာ"
ဒါကိုယ့်အမှားလည်းမကင်းဘူး ဘေးက သက်ဆိုင်သူရှိနေတာတောင် ကိုယ်ကကြည့်နေမိတော့

"အာ မဟုတ်တာ အစ်ကိုကြိုက်ပါတယ် ဗိုက်သိပ်မဆာလို့ပါ အားမနာပါနဲ့ အစ်ကိုကတောင် အားနာသေး ဝယ်ကျွေးတဲ့သူကို စိတ်မကောင်းဖြစ်အောင် မောင် စားနေပါတယ် ဆော့ ရဲ့"

ကိုယ့်ကလေး မျက်နှာတစ်ချက်ညိုးမှာကို မလိုလားတာ သူရဲ့ဂရုစိုက်မှုလေးတွေကလည်း ပြောစရာမလိုအောင်အလိုက်သိနေပြန်ရော
အမှန်တော့ ကျနော် တစ်ဖက်လူရဲ့ အပြုံးတွေနဲ့ အကြည့်တွေကိုမကြိုက်ဘူး ဒီလိုအခြေအနေတေရောက်ပြီးမှ အလုပ်မလုပ်နိုင်တော့ဘူးဆိုရအောင်
ခိုင်လုံတဲ့သက်‌ေသကမရှိ ပုဂ္ဂိုလ်ရေးလို့ပြောရအောင်လည်း ဘယ်လိုအကြောင်းပြချက်တွေဖန်တီးရမလဲ ကိုယ်က ဘာ‌ေတွတွေးကြောက်နေမှန်းမသိ ကိုယ်ကဘာမှားခဲ့လို့လဲ

အခုအချိန်မှာ ဒီကိုယ်ငယ်လေးကို ထွေးပွေးထားတဲ့ လက်တစ်စုံနဲ့ လုံခြုံစေတဲ့ ရင်ခွင်ကြီးက ကိုယ်လေ

ဆုပ်ကိုင်ခွင့်ရတဲ့ လက်တစ်စုံကလည်းကိုယ်

ပခုံးငယ်လေးပေါ် မှေးစက်ခွင့်ရှိတာလဲကိုယ်

ဒါဆို ဆော့ရဲ့ နှလုံးသားကို ပိုင်ဆိုင်တာလည်းသေချာပေါက်ကိုယ်ပေါ့။

မောင်က ဆော့နဲ့ ပတ်သက်ရင် အတ္တလည်းကြီးတက်သွားပြီ
ဟက် ...အတွေးလွန်နေတာပါ
ဘေးနားက ကလေးငယ်က အေးချမ်းစွာ စားနေပုံလေးက လူကို စိတ်သက်သာရစေတယ်

Owner (Completed) Where stories live. Discover now