Part-7

209 34 9
                                    

#

"မောနင်း အချစ်"
မောင်က သူ့နဖူးလေးကို ခပ်ဖွဖွ နမ်းကာဆိုတယ်

"မောနင်း မောင်
သွားစရာရှိလို့လား အစောကြီးရှိသေးတယ်"

"ဟုတ်တယ် ဆော့ ကိုယ် ပြခန်းအတွက် ရှယ်ယာဝင်တစ်ချို့နဲ့ချိန်းထားတာ နေ့လည်စာမစားခင် အမှီပြန်လာခဲ့မယ်နော် မောင်က‌ ဆော့ရဲ့ လက်ရာဘဲစားချင်တာ သိတယ်မလား အမြန်လက်စသတ်ခဲ့မယ်နော်
ဟိုရောက်ရင် ဆော့ ပျင်းနေမှာစိုးလို့ မခေါ်တော့တာ"

"ရတယ်မောင် ဆော့လည်း အိမ်အတွက်လိုတာလေးတွေဝယ်ချင်လို့ အပြင်ခဏထွက်မယ်နော် နေ့လည်စာချက်ထားလိုက်မယ်"

"မျက်နှာအခုထိမသစ်ရ‌ေသးတဲ့ အဆိုးလေးလာပါအုံး
မောင့်ကို တစ်နေ့တာအတွက် အားအင်တေလာဖြည့်ပေးပါအုံး"

"မွ ... ရပြီးလား ဆော့ သွားမတိုက်ရသေးဘူးလေ"

"ဒီလောက်နဲ့ ရမလား သွားမတိုက်ရသေးလည်း လာခဲ့ကွာ ဒီနှုတ်ခမ်းဆူဆူလေးနဲ့ အားဖြည့်ပေးမှရမှာ"

နမ်ဂျွန်းအတွက်တစ်နေ့တာကိုစတင်တဲ့နေရာမှာ ဒီကောင်လေးရှိမှ အားအင်ပြည့်သလိုခံစားရတာ
ကောင်လေးက ကိုယ်ရဲ့ အရမ်းကိုချိုမြိန်တဲ့ ဆေးလုံးလေး

#

'ဒီနေ့ မောင့်ကို ပဲပင်ပေါက်ဟင်းရည်လေးရယ် ကြက်ဥလိပ်လေးရယ်  ပဲကြာဇံသုပ်လေးရယ်
အသားဟင်း နှစ်မျိုးလောက်ရယ် ပေါ့ပေါ့ပါးပါးလေးဘဲချက်ကျွေးမယ်လို့ သူတွေးထားတယ်'
လက်တွန်းဈေးဝယ်ခြင်းလေးကိုတွန်းကာ
အသားတန်းကို သူသွားလိုက်တယ် ဟို‌တစ်‌ေခါက်က kalguksu စားချင်တယ်ပြောတယ် ပိတ်ရက်ကျလုပ်ကျွေးရမယ်
တိကျတဲ့သူဖြစ်တဲ့အ‌ေလျာက် အိမ်မှာလိုအပ်မယ့်ပစ္စည်းတွေကို အစတည်းက စာရွက်ပိုင်းလေးထဲမှာ ချမှတ်ထားပြီးသားမို့ ဈေးဝယ်ခြင်းက မြန်မြန်ဘဲ အဆုံးသတ်သွားတယ်
စီကာစဉ်ကာဝယ်ပြီး ကောင်တာမှာငွေရှင်းဖို့ထွက်လာလိုက်တယ်'

ဝယ်မဲ့ပစ္စည်းလည်းစုံပြီ ဘာများလိုသေးလည်းဆိုပြီးဟိုကြည့်ဒီကြည့်နဲ့သွားနေတုန်း လက်တွန်းခြင်း‌ေလးက ရုတ်တရက်ကြီးတုံ့ခနဲရပ်သွားတော့ ကြည့်မိလိုက်တဲ့အချိန် ဒီလူ -…

Owner (Completed) Where stories live. Discover now