part 4

268 38 2
                                    

နွေးထွေးနေတဲ့ မင်းရဲ့ လက်လေးကို ဆုပ်ကိုင်ဖို့ရော စွန့်လွှတ်ဖို့ရောကြားမှာ ဗျာများနေရတယ်

ရှေ့ဆက်ပြီးဖြတ်သန်းရမယ့် အမှောင်ထု ကံကြမ္မာ
လျှောက်လှမ်းက ဝေဝါးပြီး စမ်းတဝါးဝါးနဲ့
ထိန်းလျှောက်နေရတာ ခလုတ်တိုက်ပြီး လဲကျသွားရင် ဒီတစ်ခါပြန်ထဖို့ မဖြစ်နိုင်တော့ဘူး

#

‌"တွေ့ရတာ ဝမ်းသာပါတယ်
ကျနော် Rkive ပါ ဒီဘက်က Mr.Vante ထင်တယ် လူချင်းတော့အခုမှဘဲ ဆုံဖြစ်တော့တယ်"
စိုက်ကြည့်နေကြတဲ့အကြည့်တွေကို ဆက်မကြည့်နိုင်တော့တာကြောင့် ဆော့ နားအမြန်သွားပြီး တစ်ဖက်လူကိုနှုတ်ဆက်လိုက်တယ်
ဆော့ ကိုခေါ်မလာသင့်ဘူး အခုတော့ ဟင်း...

"အာ...ဟုတ်ကဲ့ ကျနော် Vante ပါ
အခုမှ လူချင်းတွေ့ဖြစ်ပေမယ့်
တွေ့ရတာ ထပ်တူဝမ်းသာမိပါတယ်"
တကယ်ဝမ်းသာတယ် မျက်စိရှေ့က လူသားငယ်လေးက အခုချိန်ထိ ပြူးကြောင်ကြောင်ကြည့်နေတုန်း
ဒါလည်း ချစ်စရာအတိ

"ဒါကျနော့ရဲ့ ကောင်လေးပါ
ဂျောင်ဟိုဆော့ တဲ့
နှုတ်ဆက်လိုက်ပါအုံး အချစ်
မောင်နဲ့ အလုပ်အတူတွဲလုပ်မဲ့ Mr.Vante တဲ့"

"ဟုတ်ကဲ့ ကျနော် ဂျောင်ဟိုဆော့ပါ
မောင့်ကို ကူညီပေးပါအုံး ခမျ"

"ဟုတ်ကဲ့ ကျနော့် နာမည် ကင်ထယ်ယောင်းပါ
မှတ်ထားပေးကြပါအုံး"
ကမ်းလာတဲ့ လက်တစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း နာမည် အရင်းပါ နှုတ်ဆက် လိုက်တော့ သူ့နှုတ်ဖျားကနေ အယောင်ယောင်အမှားမှား ထွက်လာတဲ့ ထယ်
ဆိုပြီး စကားလုံးစစကို ကျတော်မြင်ဖြစ်အောင်မြင်လိုက်သေးတယ်
ပြီးတော့... ပြီးတော့...ပိုင်ဆိုင်မှုနာမ်စားတွေ စွတ်ခေါ်နေကြတဲ့အတွက်ကြောင့်လဲ ဘယ်ဘက်ရင်အုံက
တစ်ဆစ်ဆစ်အောင့်အောင့်လာတယ်

"အော် ကင်ထယ်ယောင်းလား ကျနော်က ကင်နမ်ဂျွန်းပါ လုပ်ငန်းဆွေးနွေးကြတာပေါ့"

"ဟုတ်သား အလုပ်ခန်းထဲသွားရအောင်လေ အပူသောက်မလား အအေးသောက်မလားခမျ"

"ရပါတယ် ကြိုက်သလို စီစဉ်လိုက်ပါ"

လက်ထောက်ကောင်လေးကို ကော်ဖီ သုံးခွက် ဖျော်ခိုင်းလိုက်ပြီး ဆွေးနွေးဖို့အမြန်လုပ်ရတယ်
တစ်ချက်ချက် ရောက်ရောက်သွားတဲ့ ကိုယ့်အကြည့်တွေကိုလည်းထိန်းနေရတယ် အိန္ဒြေသိက္ခာဆိုတာ ဒီလူသားရှေ့မှာ ပိုစောင့်ထိန်းရမှာ သူ့ကို ကိုယ်က သမာသမတ်ကျကျနဲ့ ချင်းကပ်မှာ ဟင်းဟင်း... ဒါက အတ္တလို့ပြောရမလား အို ... ဒါက အချစ်ကြောင့်ဖြစ်သွားတာမို့ သတ္တိလို့ဆိုပိုမှန်မှာပေါ့ အချစ်အတွက် စွန့်စားခြင်းပေါ့
ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေတာဘဲ လုပ်ရမယ့် အလုပ်ထက် ပြောင်းလဲသွားတဲ့ အစီအစဉ်တွေက ခေါင်းထဲမှာ ပြေးလွှားနေပြန်ရော

Owner (Completed) Where stories live. Discover now