Part - 8

198 36 2
                                    

ရင်ခွင်ကျယ်ကြီးထဲမှာ နစ်မြုပ်နေတဲ့ ခများနဲ့
ထွေးပွေ့ခွင့်မရနိုင်တဲ့ ကျနော်

#

အချိန်သည်လူကိုမစောင့် ဆိုသလိုဘဲ ပြောင်းလဲလာလိုက်တာ အခုဆို ဆောင်းဦးပိုင်းကုန်လို့‌ ဆောင်းတောင်တောင်ရောက်လာပြီ အချမ်းလည်းပိုတိုးလာတယ်

မောင်ဖွင့်ထားတဲ့ ပြခန်းလေးက အတော်အဆင်ပြေတယ် ဒါဟာ‌အနုပညာမှာ ဝါသနာပါတဲ့မောင်ဟာ  စီးပွားရေးဈေးကွက်ကို အကွက်မြင်တယ်ပဲဆိုရမလား
မျက်စိအမြင်အာရုံနဲ့ဖန်းစားနိုင်တဲ့ ဒီဆေးရောင်စုံခြယ် အလှတရားတွေရဲ့ အကူအညီနဲ့ မောင်ရဲ့ ထက်မြက်မှုကိုချပြပြီး သူတစ်ပါးရဲ့စိတ်အာရုံကို သူရဲ့ ဟော်တယ်လုပ်ငန်းတွေအတွက် ရှယ်ယာဝင်ဖို့ ဆွဲဆောင်တဲ့အရာဆိုရမလား
လူငယ်စီးပွားရေး လုပ်ငန်းရှင်ဖြစ်တာကြောင့် အတိုက်အခိုက်တွေလဲရှိသလို ယုံကြည်ပေးတဲ့
လူတွေကလဲ ကင်နမ်ဂျွန်းလုပ်သမျှဟာ ဘယ်တော့မှ
မမှားနိုင်ဘူးဆိုပြီး မောင့်အရည်အချင်းကို မြောက်စားကြတယ်
ဒါကျနော်ချစ်ရတဲ့ မောင် မလို့ ပိုပြောတာမဟုတ်ဘူး
မောင်ဟာ တကယ့်ကို ထက်မြက်တာ

"အချစ်…ဘာတွေ အတွေးလွန်နေလဲ"

"အို…လန့်သွားတာဘဲ‌ေမာင်ရယ်"

‌အလုပ်သွားဖို့ မောင့်အတွက် အင်္ကျီထုတ်‌ေပး‌ေနတဲ့သူကို နောက်ကနေသိုင်းဖက်ပြီး နား နားလေးကို ကပ်ပြောတော့လန့်သွားတာပေါ့
ဒါတောင် အေးလို့လား ရှက်စိတ်‌ေလး‌ေကြာင့်လားမသိ ရဲရဲလေးဖြစ်နေတဲ့ နားဖျားလေးတေကို မောင်ကဖွဖွလေးနမ်းတယ်

"ဟားဟား…လန့်သွားတာလား…
ဘာတွေ‌စဉ်းစားနေလဲပြောပါအုံး"

"မောင့် အကြောင်းဘဲပေါ့
ငါ့ရဲ့အရမ်းတော်တဲ့မောင့်အကြောင်းပေါ့"

"ဟုတ်ပါပြီဗျာ…ဒီအတတ်လေး‌‌ကြောင့်
မောင်အသဲတွေတော့ တဖြုတ်ဖြုတ်ကြွေရပါပြီ"

အရပ်အနည်းငယ်ပိုမြင့်တဲ့မောင်က ခါးအနည်းငယ်ကိုင်းကာ စကားပြောလိုက်တိုင်း သူ့နှခေါင်းလေးလာထိလိုက် ပါးလေးကိုဖဲ့လိုက်နဲ့ နောက်ဆုံးရင်ဘတ်ကြီးပါဖိပြပြီး အကဲပိုနေတဲ့မောင်ရယ်ပါ

Owner (Completed) Where stories live. Discover now