Part -9

195 36 17
                                    

ရန်သူလား မိတ်ဆွေလားမသဲကွဲပေမဲ့
ကိုယ်မင်းအပေါ်ရူးသွပ်နေတာကြောင့် တစ်ဖက်လူရဲ့ဆန္ဒကိုလိုက်‌‌လျောမိခဲ့ရင်

#

တစ်ဖက်ကအမျိုးသမီးက သူလေးရဲ့လက်မောင်းတစ်ဖက်ကိုချိတ်ဆွဲကာ ရှေ့နားက coffee shop
ထဲဝင်သွားလိုက်တာများ ကိုယ့်ကိုတောင်မေ့လို့
မဖြစ်ဘူးဒီလိုရဲတင်းတဲ့ မိန်းမပျိုလေးနဲ့ ဒီအတိုင်းထည့်လွှတ်လို့မဖြစ်ဘူးလေ နောက်ကနေသွက်သွက်လိုက်သွားမှ

ဝန်ထမ်းလေးကမှာထားတာတေလာချပေးသော်လည်း ကိုယ့်ရှေ့ကလူနှစ်ယောက်ဆီဘဲစိတ်ကရောက်နေတာ သူတို့ဘာတေပြောနေလဲကြားတစ်ချက်မကြားတစ်ချက် ငယ်သူငယ်ချင်းဆိုလားဘဲ အခုအစ်ကိုနမ်ဂျွန်းကုမ္ပဏီက ရှယ်ယာရှင်တစ်ဦး၏သမီးဆိုတယ်
အင်း...ကြည့်ရတာတော့ ရုပ်ရှိရေလျှံသူဌေးသမီးလေးပေါ့ ဘေးနားကဝိုင်းတေရဲ့အကြည့်တော်တော်များများဟာ ကိုယ်တို့ဝိုင်းမှာစုပြုံလို့ တစ်ချို့သောအကြည့်တွေက လှပတဲ့ဒီအမျိုးသမီးကိုကျော်ကာ သူမဘေးနားက ဆေးဆိုးပန်းရိုက်မကူဘဲ သဘာဝအလှတရားလေးနဲ့ရိုးရိုးလေးနဲ့အေးချမ်းစွာလှပတဲ့ ကောင်လေးကို အတင့်ရဲစွာကြည့်နေကြတဲ့လူတွေလဲရှိပါ့

သေချာကြည့်လိုက်မှ ‌hyung ကစကားပြောရင်း
ပြုံးနေလိုက်တာများ မူပိုင်ပါးချိုင့်သေးသေးလေးတေတောင်ပေါ်လို့ ထိုအကြည့်တွေလည်းကိုယ်မကြိုက်ပါ
တကယ်ပါဘဲ ကိုယ့်အပိုင်လေးမဟုတ်သေးတာတောင် ဒီလောက်စိတ်ပူနေတာ တစ်နေ့များသာ ကိုယ့်ဆီရောက်လာရင်တော့ ရင်ခွင်ထဲမှာဖွက်ထားပစ်မှာ
ကိုယ့်ထက်အသက်နှစ်နှစ်လောက်ကြီးပေမဲ့ သိပ်ကိုချစ်ရာကောင်းပြီးပိုနုပျိုနေတဲ့သူ့ကြောင့် ကိုယ့်မှာ မဆီမဆိုင်သဝန်တိုနေရတာ။

သို့သော်အခုချိန်မှာ ကိုယ်ဟာ ကိုယ်ပျောက်လူသားကဲ့သို့

#

ဟောကြည့်ခုမှသတိရတယ် ထင်တယ် မိတ်ဆက်ပေးရအုံးမယ်တဲ့

"ထယ်ယောင်း ဒါ hyung ရဲ့ ငယ်သူငယ်ချင်း Suzy တဲ့ မတွေ့ဖြစ်တာ အတော်ကြာပြီ"

"ဒါ ကင်ထယ်ယောင်းလို့ခေါ် တဲ့ အားလုံးသိကြတဲ့ ဓာတ်ပုံဆရာ ချောချောလေး Vante တဲ့ သိတယ်မလား Suzy ပြီးတော့ ငါ့ရဲ့ညီလေးတစ်ယောက်လိုခင်ရတဲ့ ကောင်လေးပေါ့"

Owner (Completed) Where stories live. Discover now