part 3

335 42 4
                                    

တွေ့ဆုံလိုက်တဲ့ တခဏမှာ မှတ်မိလာကြတဲ့ အတိတ်ကိုယ်စီ

#

ထိုနေ့က အမှတ်တ‌မဲ့ တွေ့မိလိုက်ကတည်းက ထူးဆန်းစွာ မက်လာတဲ့ လက်တွေ့ဆန်တဲ့ အိပ်မက်ကြောင့် ကိုယ်ဘယ်မှမသွားနိုင်လောက်အောင် ခြောက်လန့်‌နေခဲ့တာ
hyung ကို hyung ကို ဘယ်လို မျက်နှာနဲ့ ထပ်တွေ့ဆုံရမလဲ ဘယ်လောက်ဘဲ သိပ်ချစ်ခဲ့ကြပါတယ်ပြောပြော ကိုယ့်ရဲ့ တစ်ဖက်သက်ဆန်တဲ့ အတ္တအလွဲတေကြောင့် ကိုယ့်ရဲ့နှလုံးသားတည်ရှိရာကို ကိုယ်တိုင်ဖျက်စီးခဲ့တယ်မလား သူ့ကိုသူ အဆုံးစီရင်သွားလောက်အောင် ကိုယ်က တကယ် အမှောင်ဖုံးစေခဲ့တာလား
တကယ်ဆို ချစ်တာထက်ပိုတဲ့ကျနော့်နှလုံးသားရဲ့ နေရာတိုင်းမှာ သူ့ကိုရွေးချယ်ထားပေမဲ့ လက်တွေ့ဆန်ဆန်ချပြဖို့ကျတော့ ကိုယ်ကဘာကြောင့်သူ့ထက်သတ္တိနည်းခဲ့ပါလိမ့် ပတ်ဝန်းကျင်ရဲ့စကားတွေကိုယုံစားမိတိုင်း ကိုယ့်သွေးသားကိုလိုချင်လာတဲ့ အတွေးဖြစ်ပေါ်လာတတ်ပေမဲ့ သူ့ပေါ်တော့ တစ်ခါမှ‌ေဖာက်ပြားဖို့ မတွေးမိကြောင်းပါ ဒါက အတိတ်က ဖြစ်ရပ်ဖြစ်နေရင်တောင် သေချာပြောနိုင်တဲ့အမှန်တရား ဒါဆို ဘယ်လောက်တောင်မှားခဲ့လို့ ဒီလိုအဖြစ်ဆိုးကိုလက်ခံဖို့ ဆုံးဖြတ်လိုက်လဲမသိ တစ်ခန်းရပ်အိပ်မက်သစ်က
drama ကားကြည့်‌ေနရသလို အပိုင်းပြတ်နဲ့ ရှေ့တိုးဖို့ခက်သလိုနောက်ဆုတ်ဖို့လည်းခက်စေတယ်
အပိုင်းတစ်စချို့ရဲ့ အငြင်းပွားမှုတစ်ချို့က
သူ့ကိုယုံကြည်ချင်ပေမဲ့ သူငယ်ချင်းဆိုတဲ့ဖြစ်တည်မှုကနေအဆင့်တက်ဖို့ကြိုးစားနေတဲ့ တဖက်လူရဲ့အတွင်းစိတ်ကိုသိရဲ့သားနဲ့ ဒီလူခေါ်တိုင်းလိုက်သွားတက်တော့
ကိုယ်က ဝမ်းနည်းမိပြန်တယ် ဒါတေက သူ့ကိုလှောင်ပိတ်စေခဲ့တာလား
မရေရာတဲ့ မှတ်ဉာဏ်လျှောက်လမ်းပေါ်မှာ ဒီတစ်ခါတော့ မရေရာတဲ့ ဆုံးဖြတ်ချက်မချတော့ဘူး
ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ တစ်ဖန်ပြန်မွေးဖွားလာတဲ့ အနာဂတ်မှာတော့ ပတ်ဝန်းကျင်ကို မကြောက်တော့သလို တကယ့်အစစ်အမှန်လိုအပ်တာက သူဆိုတာဘဲ
ဘယ်လောက်တောင် နာကျည်းသွားလဲမသိဘူး
ဒီတစ်ခါမှာလည်း ကျနော်နဲ့မတွေ့ခင် တစ်ထပ်တည်းကျတဲ့ ရန်သူနဲ့ အရင်တွေ့သွားတယ် မရင်ကလို ဖြစ်တည်မှုမဟုတ်ဘဲ ပိုင်ဆိုင်မှု‌နာမ်စားလေးတောင် သတ်မှတ်ထားလိုက်ပြီ ဘယ်လိုတောင် "မောင်" ဆိုလား
တစ်ဖက်လူရဲ့ ပါးချိုင့်နက်တွေကိုအားကျရလောက်အောင် ဒီလူသားငယ်ရဲ့ ခေါ်သံလေးကချိုမြိန်နေတာ
ဒါကျနော်ဖြစ်သင့်တာလို့ ပြောပြန်ရင်လည်း
သိပ်အထင်ကြီးလွန်း အားကြီးပါပေ့လား
ကင်ထယ်ယောင်း ‌ရေလို့ လှောင်စရာကောင်းနေပြန်ရော…
တယ်ခက်ပါလား ငြီးငွေ့စရာကောင်းလွန်းတဲ့လောကကြီးမှာ အိပ်မက်ထဲထိအမြဲနှောင့်ရှက်တတ်တဲ့ လူသားငယ်ကြောင့် ရှင်သန်ခြင်းအဓိပ္ပာယ်ရှိလှပြီ ထင်နေတာ ဟိုက ရွေးချယ်နှင့်ပြီးသားလား အားတင်းထားပြီးမှ အားမရတော့သလို အာရုံထွေပြားကစဉ့်ကလျားနဲ့
စိတ်ကျန်းမာရေးဆေးခန်းသွားပြရမလိုတောင်
နောက်မှ sunshine studio ပိုင်ရှင်က
စိတ်မမှန်ဘူးခေါင်းစီးနဲ့ သတင်းစာကြီးတယ်လှနေအုန်းမယ်
အိပ်ပျော်မိသွားတာ ညနေတချိုးတောင်ရောက်သွားတယ် ကော်ဖီခါးခါးသောက်ပြီး အိပ်ပျော်သွားတာတဲ့ အာရုံကြောတေတောင် သိပ်မကောင်းချင်တော့ဘူး
Coco မှုန့်လေးတစ်ခွက်ဖျော်ပြီး အလုပ်ခန်းထဲဝင်ဖို့ပြင်လိုက်တယ် အလုပ်အပ်ထားတဲ့လူတစ်ချို့နဲ့ edit စရာ ပုံတစ်ချို့ကို အပြီးသတ်ရတယ် laptop ပေါ်မှာ ပြေးလွှားနေတဲ့ ကိုယ့်ရဲ့ လက်ချောင်းရှည်တွေကို ကြည့်မိတော့ တစ်ခြားသူတစ်ဦးဆုပ်ကိုင်ထားတဲ့ လက်တစ်စုံကြားညှပ်နေတဲ့ သူ့ရဲ့ လက်ချောင်းသွယ်သွယ်လေးတေကို ဖမ်းဆုပ်ချင်ခဲ့မိတာ

Owner (Completed) Tempat cerita menjadi hidup. Temukan sekarang