part - 18 ( Final )

240 22 2
                                    

ထိတ်လန့်ခဲ့ရတဲ့တစ်စုံတစ်ရာက တကယ်ဖြစ်လာရင် ပြေးပေါက်ရှာရသိပ်ခက်တာဘဲ

#

"အားလုံးကြားမှာ အထင်လွှဲစရာကိုယ်စီဖြစ်လာတာ ငါကအစတည်ခဲ့တာကိုး"

"မဟုတ်ဘူး ဆော့လေး ငါကြောင့်ဖြစ်ခဲ့တာပါ
ငါကရည်ရွယ်ရာကို ဦးမတည်ဘဲ မဆိုင်တဲ့ဘေးနားကအရာတွေကို ဖယ်ထုတ်ဖို့ကြိုးစားခဲ့တာ
ငါကသာ အတ္တကြီးခဲ့ပြီး လိုချင်တိုင်းဖြစ်မယ်ထင်ခဲ့တာ"

သူပြန်ပြောစရာစကားရှာမရဘူး

"ဆော့လေး နင်သိလား ငါက အရင်ကလည်း ဒါမျိုးထပ်တူအမှားကိုကျူးလွန်ခဲ့ပြီးသား ဒါကြောင့်လည်း ဆုံးရှုံးမှုများစွာကို အကြီးအကျယ်‌ရပြီးသား
ဒါတောင် ထပ်တူညီအမှားဘာလို့ပြုမိပါလိမ့်"

သူမစကားတွေနားထောင်ပြီးတဲ့အချိန် ထပ်တူညီအဖြစ်အပျက်တွေကိုမြင်ယောင်လာရင်း အရာရာဖြစ်ပျက်မှုမှာ အစတည်သည်က သူ့ကြောင့်လို့ထင်မှတ်လာပုံရတယ်

"ဆော့လေး မဟုတ်တာမတွေးနဲ့နော် ဒါတွေအားလုံး ငါတို့ရဲ့ အတ္တကိုယ်စီကြောင့်ဖြစ်တာ ပိုင်ဆိုင်လိုစိတ်ပေါ့
စိတ်ချပါ ငါထွက်သွားပေးမယ် ဒီ‌တစ်ခေါက်တော့ပြန်လာဖို့ မသေချာဘူး"

"မလိုဘူး ယွန်းငယ် ဘယ်သူမှမမှားခဲ့ကြပါဘူး"

"ငါတောင်းပန်ပါတယ် နောင်သံသရာများရှိခဲ့ပါလျှင် ကောင်းမွန်စွာနဲ့ သံသယမရှိ တွေ့ကြရအောင်နော်
ငါတို့တစ်ခါလောက် ဖက်ကြရအောင်"

"အင်း ရတာပေါ့
နောက်တစ်ခါ သေချာပေါက် ငါတို့ပြန်တွေ့ကြမယ်
ယွန်းငယ်"

#

"Suzy မင်းကလေးငယ်ကိုဘာသွားပြောလိုက်လဲ"

"ဘာပြောရမှာလဲ"

"အခု ကလေးငယ်က ဘယ်ထွက်သွားမှန်းမသိတော့ဘူး"

"ဘာ ကျမ ဘာမှမပြောဘူး"

"ဒါဆို ဘာကြောင့် ငါတို့အနားမှာ အနှောင့်အယှက်ပေးနေရတာလဲ"

Owner (Completed) Where stories live. Discover now