part 13

224 37 8
                                    

သေးငယ်တဲ့အထင်အမြင်လွှဲမှုလေးတေကြောင့် ရလာတဲ့ ရလဒ်က …

#

"ကျေးဇူးဘဲထယ်ယောင်း"

"ဒါဆို သွားပြီနော် ဟျောင်း"

"အင်း‌‌ ကောင်းကောင်းသွား"

အပြန်လိုက်ပို့တဲ့ ကားနီနီလေးထွက်သွားမှ ခြေလှမ်းတွေက အိမ်ထဲကို ‌ဦးတည်လိုက်တယ်
ညနေခင်းလောက်မှာ အိမ်ပြန်ရောက်တယ်
မောင်ကဖုန်းလည်းမကိုင်ဘူး အလုပ်တွေအရမ်းများနေတယ်ထင်တယ် ကိုယ့်ကြောင့်နဲ့ သက်သက်မဲ့ အလုပ်မရှုပ်စေချင်ပါဘူး
ထယ်ယောင်းကလိုက်ပို့မယ်လို့ပြောရှာတယ်
ဒါကြောင့်သူနဲ့ဘဲ ပြန်လာခဲ့လိုက်တယ် အပြန်လမ်းတလျှောက် ဟာသလေးတွေနှောပြောကာ သူကကိုယ့်ကိုစသေး ဒီကောင်လေးက    သိပ်ကိုရိုးသားပြီး တော်တဲ့ လူရည်မွန်လေးပါ ဒါပေမဲ့ တစ်ခါတစ်လေ မောင်က ဘာတေကိုစိတ်တိုင်းမကျမှန်းမသိ

"ပြန်လာပြီပေါ့ အတော်မှပျော်ခဲ့ရဲ့လား"

ကျောဘက်ကလာတဲ့အသံကြောင့် လန့်သွားတာဘဲ
မောင်က မီးမဖွင့်ဘဲ ဘာထိုင်လုပ်နေတာလဲ

"မောင် ဒီနေ့ပြန်လာတာစောသားဘဲ"

"အင်း မင်းကိုလာကြိုမလို့ဘဲ မလိုတော့လောက်အောင် လိုက်ပို့မဲ့လူရှိနေတော့ ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်သွားမှာစိုးလို့"

မင်းလို့သုံးနှုန်းလိုက်တာလား အခု

"ဘာကိုလဲမောင် ငါဖုန်းဆက်တယ် မအားဘူးထင်လို့ ထယ်ယောင်းနဲ့ပြန်လာတာလေ သူလည်း ကလေးတွေကိုထောက်ပံ့နေတဲ့ အလှူရှင်တစ်ယောက်မို့ ဂေဟာမှာတွေ့ကြတာ"

နားမလည်နိုင်တဲ့ စွပ်စွဲချက်တွေနဲ့ အချေအတင်အနည်းငယ်ဖြစ်လာတဲ့ သူတို့အခြေအနေက အရင်းအမြစ်မရှိပေ

"ဆိုတော့…ဟိုက လိုက်ပို့မယ်ဆိုတော့ လိုက်လာတာဘဲမလား"

"မောင် ဘာလို့ရစ်နေတာလဲ တစိမ်းတွေမဟုတ်ဘူးလေ
ထယ်ယောင်းဆိုတာ မောင်နဲ့အတူအလုပ်တွဲလုပ်ခဲ့တဲ့
ပါတနာလေ"

"အော…ရစ်တယ်ပေါ့လေ
အေး သူစိမ်းကတောင်တော်အုံးမယ်
အ တာလား မသိချင်ယောင်ဆောင်တာလား
ထယ်ယောင်းရဲ့အကြည့်တွေ အပြောတွေ တကယ်မသိဘူးလား သူကမင်းကိုသဘောကျနေတာလေ
ဟာကွာ"

Owner (Completed) Where stories live. Discover now