တစ်ယောက်စီတိုင်းမှာ ရူးသွပ်ခြင်းကိုယ်စီနဲ့
#
"ဆော့ငယ် နောက်နေ့ ကြရင် အန်ကယ်လီတို့မိသားစု ကို ထမင်းစားဖိတ်ရအောင်လေ"
"ဆူဇီကော"
"သူ့အဖေလာမှတော့ သူ့သမီးလည်းပါလာမှာပေါ့"
"အင်း မောင်အဆင်ပြေသလိုလုပ်လေ"
"ခုတော့အိပ်ရအောင် မောင်ရဲ့ကလေးလေးကို သီချင်းဆိုပြရမလား"
"တော်ပါ ဒီအတိုင်းဖက်ထားပေး
မောင့်ရင်ခွင်ကျယ်ကြီးထဲမှာ ငါ့ကို ထာဝရလုံခြုံအောင် နွေးထွေးစွာထွေးပွေ့ပေးပါ""ဒီရင်ခွင်ကြီးက ဆော့ငယ်တစ်ယောက်ဘဲ နားခိုရာပါ
မွ- အိပ်တော့"မောင်ပြောသလိုဘဲဖြစ်ရပါစေ ဆိုတဲ့
ဆုတောင်းလေးကပြည့်နိုင်ပါ့မလား#
"အန်ကယ်ကြွပါ အစောကြီးလာမယ်တောင်မထင်ထားဘူး"
"ဟုတ်တယ် အန်တီက သားလေးကို တွေ့ချင်လို့လေ
ဟိုဆော့လေး နေကောင်းရဲ့လား မတွေ့တာတောင်ကြာပေါ့ သမီးက ဟိုဆော့နဲ့ပြန်တွေ့တယ်ပြောပါတယ်
အ်မ်ကိုလာလည်စေချင်တာ အန်တီလည်း ကျန်းမာရေးသိပ်မကောင်းတော့အပြင်မထွက်ဖြစ်ဖူး""ခုရောသက်သာနေပြီလားအန်တီ နောက်ပိုင်းလာတွေ့ပါ့မယ်ဗျ"
ကိုယ့်ရဲ့ကလေးငယ်က တကယ့်အချစ်ခံလေး ဝေးကွာနေပြီဖြစ်တဲ့သူတွေကတောင် ပြန်တွေ့တာနဲ့ အိမ်အလည်ခေါ်နေပြီ
"ဒီဘက်ကို ကြွပါဗျ"
သူတို့ထင်ထားတာနဲ့ကွဲလွဲစွာ ကောင်မလေးမျက်နာက ပျော်နေသလိုဘဲ အလိုမကျလဲ တစ်ခါတစ်လေ ဖြစ်ပေါ်နေတဲ့ မျက်နှာက ပြုံးလိုက်မဲ့လိုက်နဲ့ ဘာကိုလိုချင်မှန်းမသိ
#
"ဟိုဆော့လေးရဲ့ လက်ရာက ပြောစရာမလိုအောင်ကိုပြည့်စုံနေတာဘဲ"
"ကျေးဇူးပါ အန်ကယ် များများထည့်စားပါနော်"
"ကောင်းပါပြီဗျာ"
YOU ARE READING
Owner (Completed)
Fanfictionဇာတ်ဆရာအလိုကျ ရွေးချယ်ထားတဲ့ ဇာတ်ဆောင်ဖြစ်ခဲ့တဲ့ကိုယ်က တစ်ချို့သော မလိမ္မာမှုတွေကြောင့် ကိုယ်ကိုယ်တိုင် ဗီလိန်ဇာတ်သွင်းခဲ့မိတာ အရင်ကရော အခုရော နောင်တတွေချည်းပဲ By @Vope♡K