DADDY(3)

2.1K 166 38
                                    

Z&U

ဒယ်ဒီကဒီနေ့အလုပ်သွားသည်မို့ ဂျောင်ကုတစ်ယောက်တည်း အိမ်မှာနေရစ်ခဲ့လေသည်။ ဒယ်ဒီအလုပ်ကိုလိုက်ခဲ့ဖို့ ခေါ်ပါသော်ငြား ဂျောင်ကုက ဂျောင်ကုကိစ္စတွေလုပ်ရမှာမို့ အိမ်မှာနေရစ်ခဲ့ခြင်းပင်။ ဘာကိစ္စလဲဆိုတာကတော့ စီးကရက်...။

ဝူး

အိမ်ရှေ့ကကားသံကြား၍ ကိုင်ထားသည့် TV remot ကိုချခဲ့ကာအိမ်တံကားဂျက်ကို မမီ့တစ်မှီခြေဖျားထောက်၍ ပြေးဖွင့်ရသည်။ ထိုဂျက်က ဒယ်ဒီ့ရင်ခေါင်းလောက်သာရှိသော်ငြား ဂျောင်ကုကတော့ ခြေဖျားထောက်ကာဖွင့်နေရဆဲပင်။ ဤသို့ဖျြေားထောက်ရတာ ​ဂျောင်ကုစိတ်ကုန်နေပါပြီ ​ဂျောင်ကုလည်း အရပ်ရှည်ချင်ပါ၏။

"အိုး မြေးလေးကလိမ္မာလိုက်တာ မနက်စာစားပြီးပြီလား မြေးလေးဒယ်ဒီဘာလုပ်ပေးသွားလဲ"

"Banana milk နဲ့ နို့ပေါင်မုန့်လုပ်ပေးသွားတယ် ဖွားလေး"

ဖွားလေးကဂျောင်ကုကိုနမ်းပြီး မေးသည်မို့ ဂျောင်ကုလည်းဖွားလေးပါးကို နမ်းရင်းပြန်ဖြေလိုက်လေသည်။ ဖွားလေးကတစ်ယောက်တည်း ကားမောင်းလာသည်လားမသိ ကားထဲမည်သူမှမပါ။ ဖွားလေးလာရင် ဒယ်ဒီကဖုန်းဆက်ဟုမှာထားသည်မို့ ဖုန်းခွက်ဆီကို ဂျောင်ကုအပြေးလေးသွားလိုက်လေသည်။

အလွတ်ရနေပြီးသော ဖုန်းနံပါတ်ကိုနိုပ်တော့ တစ်တူတူဖြင့်ဖုန်းဝင်သံက နားထဲဆူညံသွားသည်။ ထို့နောက်မှာတော့ သြသျှသျှဒယ်ဒီအသံငြိမ်ငြိမ်က ကပ်ပါလာခဲ့လေပြီ။

"ဟလိုသား မာမီရောက်ပြီလား"

"ဟုတ် ဖွားလေးရောက်ပြီဒယ်ဒီ နေ့လည်ကြရင်ထမင်းပြန်လာစားမှာလား"

"ဒယ်ဒီ ဒီနေ့အလုပ်များနေလို့မစားတော့ဘူး ညနေစာလေးလည်း ကောင်းကောင်းချက်ပေးပါအုံးလို့ မာမီ့ကိုပြောပေး"

"ဟုတ် သားပြောပေးပါ့မယ့်ဒယ်ဒီ"

ဖုန်းထဲက ဒယ်ဒီ့သြသျှသျှအသံကို တစ်ငြိမ့်တစ်စိမ့်နားထောင်ရတာ ဂျောင်ကုသဘောကျသည်။ အိမ်မှာနေ့တိုင်းတွေ့ရမြင်ရ ကြားရနေပါသော်ငြား ယခုလိုဖုန်းထဲကအသံကြားရတော့ ဒယ်ဒီ့ကိုသတိ့ရလေသည်။

DADDY Where stories live. Discover now