DADDY(8)

1.9K 134 17
                                    

Z&U

"ဒီ present perfect ကြီးကလည်း ဆိုးဝါးလိုက်တာ ဂျီမင်းဟျောင်း ဘယ်သူ့စာအုပ်လဲ လက်ရေးကလည်း စုတ်ချာနေတာပဲ ဘာမှနားမလည်နေဘူး"

ထူထူပြစ်ပြစ်လက်ရေးအပြင် စာလုံးရှည်မြောမြောတွေကြောင့် အမြင်ရှုတ်ပါ၏။ စုတ်ပြတ်နေသည်မဟုတ်သော်ငြား စိတ်မကြည်မှုနှင့် ဂျောင်ကုစိတ်ရှုတ်စွာ ပိုပိုကဲကဲ ဆဲရေးမိသလိုပင် ဖြစ်သွားသည်။

"အာ အာ့က ဟိုဆော့ငှါးလာပေးတာ ဘယ်သူ့စာအုပ်လဲတော့ ငါလည်းမသိဘူးကွ"

"ဟမ် အဲ့တစ်ယောက်နဲ့က တည့်သွားပြီလား"

"ဘယ်ကသာ သူကလာပေးလို့ ငါကယူလိုက်ရတာပါကွ တည့်စရာလား အဲ့လိုလူနဲ့ ကျစ်"

မျက်လုံးကိုအပေါ်လှန်ရင်း ပြန်ဖြေနေသည်က သိပ်ဂရုမစိုက်သလို။ ဟိုဆော့ဆိုသူကလည်း အမြဲဂျီမင်းဟျောင်းကို ပြဿနာတွေရှာခဲ့ပြီး အခုမှ စေတနာသဒ္ဒါတရားတွေပိုနေသည်မှာ မသတီချင်စရာ။

"အော် အဲ့လိုကိုး ဂျီမင်းဟျောင်း ဒီတစ်ခုရှင်းပြပါလား"

"ဟင့် present perfect ငါလည်း ချာလည်လည်နေဆဲပဲ သေသေခြာခြာမသုံးတတ်သေးဘူး"

"ဟျောင်းမနှစ်က သင်ထားတယ်လေ"

"ဟာ မေ့ကုန်ပြီ ပြီးတော့ သိပ်မပိုင်နိုင်ခဲ့ဘူး ငါတို့အတန်းလည်း အဲ့ဒါတွေ ပြန်ပါလာတယ်လေ ဒီလောက်ခက်ခဲတဲ့ Grammer ကို ငါနိုင်နိုင်နင်းနင်း ရရင် ဂလိပ်ဖြစ်နေပြီပေါ့ကွ"

"ဟျောင်းကတော့ စာကျေမနေဘူး"

ဂျောင်ကုမကျေနပ်သလိုဆိုတော့ ဂျီမင်းဟျောင်းက မျက်ထောင့်နီနီနဲ့ ကြည့်နေသည်မို့ ဂျောင်ကုလည်း မသိချင်ယောင်သာဆောင်နေလိုက်လေသည်။

"ကိုကိုကြီးမေးကြည့်လေ ကိုကိုကြီးကအကုန်ကြွမ်းတယ် ကြွမ်ဘိကတောင်အဖေခေါ်ရလောက်တယ် အင်္ဂလိပ်စာမှာဆိုရင်"

"ဟင့်အင် မမေးချင်ဘူး ဟိုနေ့ကမှအရိုက်ခံထားရတာ စာမေးရင် သေခြာလိုက်မကြည့်ဘူးလားကစလို့ အပြစ်တွေပေးခံရဦးမယ် မမေးတော့ဘူး ကြောက်တယ်"

ဂျီမင်းမှာ ခြေသလုံးဖြူဖြူဆီက အချိုးရာတွေကိုကြည့်ကာ ကြက်သီးမွှေးညှင်းတွေထပြီး သက်ပြင်းသာခြလိုက်မိသည်။ သေခြာပေါက်တော်တော်နာမှာ။ ဂျီမင်းလည်း အရင်က ကိုကိုကြီးဆီမှာ အရိုက်ခံထိဖူးခဲ့ပါ၏။ အဲ့နေ့က ကိုကိုကြီးဘွဲ့ရတဲ့နေ့ပေါ့.....။




DADDY Where stories live. Discover now