DADDY 6

1.7K 147 40
                                    

Z&U

ဂျောင်ကုထမင်းချက်ပြီး ဒယ်ဒီ့အတွက် ကြက်ဥမကျက်တစ်ကျက်ကျော်ကာ ကိုယ့်ထမင်းချိုင့်အတွက်ကောကြက်ဥ​ကျော်နေလိုက်သည်။ ဒယ်ဒီကတော့ခုထိမနိုးသေးပေ။ ညကအလုပ်များသည်မို့ အိပ်တာတော်တော် နောက်ကျလေသည်။ ကျော်ချက်ပြီးတာနဲ့ ဒယ်ဒီ့ကိုနှိုးဖို့အတွက် အပေါ်ထပ်ကို အပြေးအလွှား တက်ရပြန်သည်။

"ဒယ်ဒီထတော့ နောက်ကျတော့မယ် ၈ နာရီထိုးတော့မယ်"

"အင်း"

ဂျောင်ကု ဒယ်ဒီ့ကိုနှိုးပြီး ရေချိုးခန်းထဲဝင်ကာရေမိုးချိုးလိုက်သည်။ ဂျောင်ကုရေမိုးချိုးပြီး ဒယ်ဒီ့အတွက်ရေစပ်ပေးကာ ထွက်လာသည့်တိုင် ဒယ်ဒီကအိပ်ယာပေါ်မှာအိင်္ကျီ ကျွတ်ကြီးနဲ့ငေါင်စင်းစင်းကြီး ထိုင်နေဆဲ။

"ဒယ်ဒီ ကုကီး​ရေစပ်ထားတယ် ချိုးလိုက်တော့"

"အင်း"

ဂျောင်ကုအိပ်ယာပေါ်ကစောင်ကို ခေါက်သိမ်းပြီး ခေါင်းအုံးစွတ်တွေချွတ်ကာ လျှော်မည့်ခြင်းထဲထည့်၍ ဒယ်ဒီ့ဝတ်မည့်အင်္ကျီထုတ်ကာ ကိုယ်တိုင်လည်း အမြန်ဝတ်ပြီး ထမင်းချိုင့်ခြင်းကို ကားထဲထည့်ကာ ဒယ်ဒီ့မနက်စာစားဖို့လည်း အမြန်ပြင်လိုက်သည်။

"ဒယ်ဒီ မနက်စာစားလို့ရပြီ"

အကုန်ပြင်ပြီးတာနဲ့ ဟိုဘက်အိမ်က ဂျီမင်းဟျောင်းကို လှေကားပေါ်တတ်ကာ ခေါ်ရပြန်သည်။ ဂျောင်ကု၏ မနက်ခင်းက အတော်အလုပ်များသော်ငြား ဂျောင်ကုကအမြဲလိုလို တတ်ကြွနေဆဲသာ။

"ဂျီမင်းဟျောင်း သွားကြမယ် ဒယ်ဒီကသွားတော့မယ်တဲ့"

ဂျောင်ကုဤသို့အော်ထားတာမှ အချိန်ကလုံလောက်သည်။ ဂျီမင်းဟျောင်းက အင်္ကျီရွေးတာကအစ ရေမွှေးစွတ်တာတာအဆုံး နာရီဝက်ခန့်ကြာသည်။ ဒယ်ဒီလို့အသံကြားရင်တော့ ကြောက်ရင်းစွဲစိတ်ကြောင့် အမြန်လုပ်တော့လေသည်။

ဂျောင်ကုအိမ်ထဲပြန်ရောက်တော့ ဒယ်ဒီက ထမင်းဖြူနဲ့ကြက်ဥကိုစားနေခြေပြီ။ ဒယ်ဒီစားနေချိန် ဂျောင်ကုက ခုံပေါ်မှာထိုင်ကာ ကျောပိုးလွယ်အိတ်ကို လွယ်ထားပြီးစောင့်နေလိုက်လေသည်။

DADDY Where stories live. Discover now