Z&U
ဂျီမင်းတစ်ယောက် လှဲနေတဲ့ဂျောင်ကုကိုအပြင်ကနေ စူးစူးရဲရဲ ကြည့်နေသည့် ကိုကိုကြီးကိုကြည့်ကာ လက်တွေတစ်ဆတ်ဆတ်တုန်လာသည်။ ငယ်ငယ်ကတည်းက မိဘတွေက ကိုကိုကြီးရိုက်လျှင် ကျိုးပါစေပဲ့ပစေ စူပါဂလူးနှင့်ပြန်ဆက်မည်ဟု ကျိမ်းထားသည်မို့ ဂျီမင်းကိုကိုကြီးကို ဂျောင်ကုနှင့်ထပ်တူကြောက်ရသည်။
"ကျောင်းမှာဘာတွေ စားခဲ့လဲ"
"ဟို တော့ တော့လေ ဟိုတာ ဘာပါလိမ့်"
"ဘာစားခဲ့လဲ မှန်မှန်ဖြေ"
အံကြိတ်ကာမေးနေသော ကိုကိုကြီးအသံကြောင့် ဂျီမင်းမျက်ရည်တွေကျချင်လာသည်။ စွံ့အနေသောအသံက လည်ချောင်းဝကနေမထွက်ပေ။ ထိုသည်ကို ကိုကိုကြီးက ပိုစိတ်စိုးသည်ထင် မျက်နှာမမြင်ရဘဲ ကျောပြင်ပြန့်ပြန်ကိုမြင်ရတာတောင် ဒေါသမီးတောင်ပေါက်ကွဲနေသလို အလျှံတစ်ညှိညှိ။
"တော့ တော့ပိုကီပါ"
"အစပ်လား အချိုလား"
ထပ်မံရောက်ရှိလာတဲ့ မေးခွန်းတွေကို ဂျီမင်းဖြေဖို့မဝံ့မရဲဖြစ်ရ၏။ သေခြာပေါက် ဂျီမင်းနဲ့ဂျောင်ကု တစ်ယောက်ယောက်တော့ ဖင်ပြတ်ကျတော့မည်။
"အစပ် အစပ်ပါ ကိုကိုကြီး"
"ဘယ်လောက် ရာခိုင်နှုန်း စပ်လဲ"
"ဟိုလေ အဲ့ဒါက........."
"ပါ့ခ်ဂျီမင်း!"
"အဟင့် ၆၆ ရာခိုင်နှုန်းလောက် ရှိမယ်ထင်တယ် ကိုကိုကြီး ဂျောင်ကုကိုမရိုက်ပါနဲ့ မင်းမင်းကစားမယ်ဆိုလို့ သူကစားရတာ"
"သူကဦးနှောက်အပျက်နဲ့မွေးလာတာမဟုတ်ဘူး ဝင်မပါနဲ့ ပြန်တော့ ကိုကိုကြီး driver ကပို့ပေးလိမ့်မယ်"
"ပြန်ဘူး ပြန်ဘူး မင်းနီးကြောင့်လို့ အဟင့်! "
"ပါခ့်ဂျီမင်း!"
နန်းဂျွန်အံကိုတင်းကာ အော်လိုက်မှ ဂျီမင်း၏အိစိအိစိအသံက တိခနဲပြတ်ကျသွားလေတော့သည်။ ဂျီမင်းကို Driver ကခေါ်သွားသည်မို့ အခန်းထဲမှာလှဲနေသော ဂျောင်ကုကိုလျစ်လျူရှုကာ ဆရာဝန်ဆီထွက်လာလိုက်တော့သည်။