Z&U
ဂျောင်ကုတစ်ယောက် အိမ်ပြန်ရောက်တော့မည်မို့ စိတ်ကူးရင်လိုက်မိသည်။ ကျောင်းဝရောက်တာနဲ့ အနက်ရောင်ကားကို တစ်စွန်းတစ်စလှမ်းမြင်ရတာမျိုး ဂျောင်ကုသဘောကျသည်။ ဘာရယ်မဟုတ် ဒယ်ဒီနှင့်ပက်သက်သော အစွန်းအစတွေတောင် ဂျောင်ကုကို ဤမျှရင်ခုန်စေသည်။ ဒယ်ဒီသာဆိုလျှင်တော့ ဂျောင်ကုရူးသွားလိမ့်မည် ထင်သည်။
"မျက်နှာကြီးက ဖြီးနေတာ သကာရည်အိုးမှောက်ထားတဲ့ ရုပ်နဲ့"
"ဟီး ဟျောင်းကလည်း ဒယ်ဒီလာကြိုမယ်ဆိုလို့ပါ"
ဂျီမင်းဟျောင်းက အမှိုက်ဗုံးကို ဝုန်းကနဲချကာ စိတ်ကုန်တယ်ဆိုတဲ့ ရုပ်နဲ့ထွက်သွား တော့သည်။ ဂျောင်ကုတစ်ယောက်သာ စပ်ဖြီးဖြီးကျန်ခဲ့လေသည်။
"ဇိုင်း အတူပြန်မယ်လေ"
ခပ်လှန်းလှန်းမှာ ကပြားကိုကောင်မလေးတစ်ယောက်က ကျူနေတာမို့ ဂျောင်ကုအမြင်ကတ်စွာ နှခေါင်းရှုံ့လိုက်လေသည်။ ဒီလိုကောင်က စွန်ပလွန်သီးတွေဘာတွေဖြစ်လို့..။
"နေပါ ကိုယ်ကကိုယ့်ကောင်လေးနဲ့ပြန်မှာ"
"အဟင်း အဟင်း ဟုတ်ပါပြီ"
ထိုကပြားက ကောင်မလေးနားနားကို ကပ်ပြောလိုက်တော့ ကောင်မလေးက ရှုံ့မဲ့မဲ့နှင့်ပြန်ထွက်သွားတော့သည်။ ဒီကောင် ဘာတွေပတ်ရှုတ်နေလဲမသိ။
"ဂျောင်ကု ငါနဲ့အတူပြန်မယ်"
"မပြန်ပါဘူး ဒယ်ဒီလာခေါ်မှာ"
ဂျောင်ကုကြမ်းသုတ်တံကို ယူကာဇိုင်းရှေ့ကနေလှည့်ထွက်လာမိသည်။ ခုံပေါ်က ပစ္စည်းတစ်ခုခြင်းကို အကျအနသိမ်း၍ လွယ်အိတ်လွယ်ပြီး ကျောင်းဆင်းပါတော့ဟု ပြုံးပြုံးကြီး ဆုတောင်းနေမိသည်။
ကျောင်းကလျှပ်စစ်ဘဲလ်သံကြောင့် ရှေ့ဆုံးကနေ ဂျောင်ကု အလင်းရှိန်နှုန်းလောက်နဲ့ ပြေးထွက်လာခဲ့လေသည်။
ဝုန်း
အ့
"sorry ဇိုင်း sorry"
ဇိုင်းကိုတောင် သေခြာမတောင်းပန်နိုင်ပဲ အတင်းကုန်းကျုံးထကာ ကျောင်းရှေ့ကိုအပြေးသွားမိသည်။ ကျောင်းရှေ့က အနက်ရောင်ကားလေးကို အရမ်းမြင်ချင်နေပြီ။