DADDY (4)

2K 153 10
                                    

Z&U

ဒီနေ့ရုံးအပြင်ကျောင်းပါပိတ်သည်မို့ နန်းဂျွန်အားလပ်နေလေသည်။ ထို့ကြောင့် စာကြည့်တိုက်ထဲက အီတစ်လီစာအုပ်တစ်အုပ်ကို ယူကာဖတ်နေမိသည်။ ဒဿနအတွေးအခေါ်စာအုပ် ဖြစ်သည်အပြင် အမိဘာသာစကားမဟုတ်၍ တစ်လုံးနှင့်တစ်လုံး ဘာသာပြန်ရသည်မှာ စာကမ်းနေ၏။ သို့သော်ငြား ဒဿနစာအုပ်တွေ သဘောကျသည့်နန်းဂျွန်အဖို့ကတော့ ခက်လေအားစိုက်ကာ တိုး၍ဖတ်လေသာဖြစ်သည်။

"ဒယ်ဒီသားကာတွန်းကားကြည့်ချင်တယ်"

ဂျောင်ကုက နန်းဂျွန်ပေါင်ပေါ်တတ်ထိုင်ကာ remote ကိုနန်းဂျွန်လက်ထဲထည့်ပေးသည်။ ဒီနေ့မှ အနှီးကလေးက နန်းဂျွန်ကိုချွဲချင်ကပ်ချင်နေလေသည်။ ဂျောင်ကုခမြာလည်း ချွဲချင်ကပ်ချင်ရှာလိမ့်မည်။ ရှိတာမှ ဒီဖအေဒီသားနှစ်ယောက်တည်းကို နန်းဂျွန်ကလည်းအလုပ်နှင့်ကျောင်း ပတ်ခြာလည်ရိုက်နေသည်မို့ ဂျောင်ကုကပ်ချင်လျှင်တောင် ဒီလိုရုံးပိတ်ရက်ကျောင်းပိတ်ရက်မျိုးသာ ကပ်ရချွဲရသည်။ အလုပ်ကိုခေါ်သွားပြန်ရင်လည်း နန်းဂျွန်ကအလုပ်လုပ်နဲ့ ဂျောင်ကုကတစ်ယောက်တည်း ဖြစ်နေပြန်သည်။ အိမ်မှာထားခဲ့မှ မာမီနှင့်အဖော်ရှိသေး၏။

"ဘာကာတွန်းလဲ ကြောင်နဲ့ကြွတ်လား ဒါမှမဟုတ် အမွှေစိန်လား"

"ကာတွန်းမကြည့်ချင်ဘူး ရုပ်ရှင်ကားပဲကြည့်မယ်"

အမျိုးမျိုးပြောင်းလဲနေပါသော ထိုကောင်လေးကို နန်းဂျွန်ထွေးပွေ့ရင်း လိုင်းပြောင်းပေးတော့ နန်းဂျွန်ရင်ခွင်ပေါ် လုံးလုံးလျားလျား မှီတွယ်လာလေသည်။

လိုင်းပြောင်းပေးပြီး ကိုယ့်စာအုပ်ကိုပြန်ဖတ်နေလိုက်လေသည်။ အားစိုက်ဖတ်ရတာမို့ မျက်လုံးတွေတော့အညောင်းသား။

"အင့် အင့်"

ပေါင်ပေါ်က ကလေးပေါက်စအသံကြားမှ နန်းဂျွန်မျက်နှာရှေ့က စာအုပ်ကိုဖယ်ပြီးစာအုပ်ကိုဖယ်ပြီး TV ကြည့်မိသည်။ ကလေးလေးတစ်ယောက် မုန့်ခိုးစား၍ ဝိုင်းရိုက်ကြတဲ့အခန်းကိုကြည့်ရင်း တစ်ရှုံ့ရှုံ့ငိုနေသည်မို့ TV ကိုပိတ်လိုက်တော့ ပုခုံးတွေတုန်အောင် တစ်သိမ့်သိမ့်ငိုလာတဲ့ကလေးလေး။ ဘယ်လိုစိတ်ဒဏ်ရာတွေရှိနေသေးလဲ နန်းဂျွန်သိချင်ပါသော်ငြား ထိုကလေးစိတ်မကောင်း ဖြစ်မှာလည်းမလိုလားပါ။

DADDY Where stories live. Discover now