DADDY (16)

174 17 1
                                    

Z&U

ဒီနေ့ကျောင်းပိတ်ရက်ပဲ အိပ်ပါစေတော့ဟု သတ်မှတ်ထားတာမနိုးသော်ငြား နာရီလက်တံက ၉ နာရီကိုညွှန်ပြသည်မို့ နန်းဂျွန် အိမ်အပေါ်ထပ်ဆီတက်လာခဲ့သည်။ အခန်းတံခါးက လော့မချထား၍တော်လျော့သည်။

"ကုကီး ထတော့ သားလေး ကလေး ထတော့"

ခပ်တိုးတိုးဆိုရင်း စောင်ကိုဆွဲလှမ်တော့ ပန်းရောင်အနွေးထည် အရှည်ကြီးကိုဝတ်ကာ ခေါင်းစွပ်က ကြိုးနှစ်ချောင်းကို တင်းနေအောင်ဆွဲစီး ထားသည်မို့ မျက်စိမမြင်ရပဲ နှခေါင်းလုံးလုံးလေးသာ ထွက်နေသည်။

အသည်းယားစွာ နန်းဂျွန်ခပ်ဖွဖွဖြစ်တော့ အီးအဲအသံကထွက်လာတော့သည်။

"ဂျောင်ကုထတော့ ၉ နာရီထိုးနေပြီ"

မထွက်တစ်ထွက်နှုတ်ခမ်းက နန်းဂျွန်စကားကြောင့် စူထော်လာပြီး တစ်ဖက်လှည့်ကာ ထပ်အိပ်နေပြန်သည်။ မနက်ခင်းကြီး ဂျစ်တိုက်ချင်နေတဲ့ ကလေးကြောင့် နန်းဂျွန်ခေါင်းအသာခါသည်။

"ဒယ်ဒီ နံပါတ်စဉ်ရေပြီနော် ၁၀ ရောက်လို့မှမထရင် ဒယ်ဒီ့အစိုးမစိုနဲ့"

"၁"

ပထမဆုံး ရွတ်သံမို့ ဂျောင်ကု လှုပ်ပင်မလှုပ်သေးပေ။

"၂…၃ ၄ ၅"

နည်းနည်းလှုပ်ရွကာ စောင်ကိုကန်၍ ခပ်လေးလေးထလာသည်။ သို့သော်ငြား ခန္ဓာကိုယ်တစ်ပိုင်းက အိပ်ယာပေါ်တွင်တန်းလန်းရှိနေသေး၏။

"၆ ၇ ၈"

"နေပါအုံး ထပါ့မယ် ထပါ့မယ် မရေပါနဲ့တော့ နော့် ညကအိပ်တာနောက်ကျသွားလို့ပါ"

နန်းဂျွန်မျက်ခုံးပင့်တင်လိုက်သည်။ ညကအိတ်တာနောက်ကျရအောင် စားပြီးပြီးခြင်း တန်းအိပ်သွားသည့်သူက အနှီးပေါက်စ မဟုတ်ပေဘူးလား။

"ထားပါတော့ အိပ်ရာထမဲ့အချိန်အရမ်းနောက်ကျနေပြီ ထတော့"

အိပ်ယာပေါ်မှီနေတဲ့ ဂျောင်ကုကို လက်တစ်ဖက်က ဆွဲမတော့ အလိုက်သင့်ရင်ခွင်ထဲမှီတွယ်လာသည်။ အခုထိမျက်လုံးတွေကို မမြင်ရသေး။ ကြာလှပြီဖြစ်သော အင်္ကျီကဆွဲသားမို့ တွဲကျနေသည်မှာ ခြေသလုံးလောက်ရှိသည်။ အားလုံးခြုံကြည့်လျှင် ဟောလိုးဝင်းနေ့တွင် တွေ့ရသည့် ပန်းရောင်သရဲလိုမျိုး။

You've reached the end of published parts.

⏰ Last updated: Mar 15 ⏰

Add this story to your Library to get notified about new parts!

DADDY Where stories live. Discover now