1//

10.6K 255 10
                                    

Unicode

1//

"မေမေ အိမ်ရှေ့မှာ ကိုမဏိကားတွေ့တယ် သာသာဘာဖြစ်လို့လဲ မနက်ကတောင် အကောင်းကြီးရှိသေးတယ်မလား "

"မပြောချင်တော့ပါဘူးသမီးရယ် သမီးလည်း သမီးမောင်အကြောင်း မသိတာလဲမဟုတ်ပဲနဲ့ ရေခဲမုန့်တွေ စားလာတာပဲနေမပေါ့ "

"အဲ... အဲ့လိုဆို ဖေဖေ သိသွားပြီလား သမီးတော့ဆူတော့မှာပဲ "

"မရှိဘူး ဒီနေ့ ဆေးရုံမှာ အရေးကြီးတဲ့ operation ရှိတယ်ပြောတယ် သူကိုယ်တိုင် ခွဲရမယ်တဲ့ အဲဒါကြောင့် အစောကြီးထွက်သွားတယ်"

"ခု သာသာရယ် အခန်းထဲမှာမလား သမီးသွားကြည့်လိုက်ဦးမယ်"

သမီးကြီး စကားမဆုံးသေးခင် လှေကားမှဆင်းလာသူက သားတော်မောင်နှင့် သူ၏မူပိုင်။တစ်ယောက်လက် တယောက်ဆွဲကာ ဘာတွေပြောနေကြသည်မသိ။ရယ်လို့မောလို့။

သားလေး အမည်က ဆိုတေးသံသာ။ဂီတကိုရူးသွပ် တဲ့အဆိုတော်ရူးလေးပေါ့။ ဒါကလည်း သူ့အဘွား တေးသံချို၏ သွေးများ စီးဝင်နေလို့ထင်သည်။တခေတ်တခါက အောင်မြင်ခဲ့သော တေးသံရှင်ကြီး၏ မြေး ဖြစ်သူမို့ ပိုးက ငယ်ငယ်ကထဲက ထကြွခဲ့တာ ခုချိန်ထိ။

သူချစ်တဲ့ ဆရာဝန်လေးက မဏိထင်စေ။ သူကတော့ နှစ်ဖက်မိဘတွေ အားလုံးသဘောတူကြည်ဖြူထားတဲ့ အိမ်ထောင်ဖက်ပေါ့။လက်ရှိမှာ ဆေးခန်း တစ်ခုဖွင့်ထားပြီး ဆိုတေးသံသာရဲ့ ကောင်းမွေဆိုးမွေကို ခံယူနေသူ။

"ကဲကဲ ထိုင်ပြီးတော့ အကြောင်းရင်းလေး ပြောပြစမ်းပါဦး မေ့မေ့ကို ၊မနက်မိုးမလင်းခင်ထဲက ထွက်သွားပြီး နေမွန်းတည့်မှ ပြန်လာတဲ့အကြောင်းလေး ပြန်လာတော့လည်း ဆရာဝန်တောင် ပင့်ရတဲ့အထိ ဘာတွေများ ဖြစ်လို့တုန်း"

"မေးမနေပါနဲ့တော့ မေမေရယ် ၊ သာသာတို့က လုပ်ချင်ရာလုပ်ပြီးရင် စကားတစ်ခွန်းမှ မဟတော့တာ သိရက်သားနဲ့ "

"ဟီး .....သား ကို့ကို့ ကို ပြန်လိုက်ပို့လိုက်ဥိးမယ်နော် ဟဲဟဲ"

ပြုံးကျဲကျဲ လုပ်နေပြီဆိုထဲက ဒေါ်သံသာ တို့ကသိပြီးသား။ကိုယ့်သားအကြောင်း မသိရင်ခက်မယ်။ဆူတော့မဲ့ အရိပ်ခြည်မြင်လို့ လိုက်ပို့မယ်လုပ်နေတယ်။ပြီးရင်တကယ်မပို့ တခါထဲ လိုက်သွားမှာ စိတ်ပြေလောက်ပြီ ဆိုတဲ့အချိန်ကျမှသာ ပြန်လာတာ။

Sweet Love [ Completed ]Where stories live. Discover now