Extra-1

1.9K 67 17
                                    

Unicode

Extra-1

Phoe Thar & Yoe Thonn Set

ငါ ဘာလုပ်သင့်လဲ.....???

Question တွေ သိပ်မုန်းလွန်းတဲ့ ရိုး တစ်ယောက် ကွာရှင်းစာချုပ်ကိုင်ကာ တွေးနေမိသည်။

ဒေါက်...ဒေါက်

တံခါးခေါက်သံကြောင့် လက်ထဲမှ စာချုပ်ကို အံဆွဲထဲ ထည့်လိုက်သည်။

"ဝင်ခဲ့ပါ"

"မင်္ဂလာပါ... !!"

"ဟာ စေသာတို့သားအဖပါလား လာ လာ "

ဦးမော်ကွန်းပုံတူလေးကို ရိုးပွေ့ချီရင်းမှ...

"ဘယ်ကနေ ဘယ်လိုမျက်စိလည်လာတာလဲ ပြောပါဦး တချိန်လုံး အိမ်တွင်းပုန်းနေတဲ့ သားအဖတွေ၊ လေးရိုးကို အာဘွားလေးတချက်.."

ဘယ်သူခေါ်ခေါ် အပြုံးလေးနဲ့ လက်ကမ်းသူက သာသာကိုယ်ပွား သို့မဟုတ် မော်ကွန်းပေါက်စပင်။

"အာဘွား..."

"လိမ္မာလိုက်တာကွာ အာဘွား မွမွ"

ရိုး လည်း ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို တလှည့်စီမွှေးကြူလိုက်သည်။

"အဟမ်း..."

တံခါးဝမှ ချောင်းဟန့်သံကြောင့် ရိုးလှမ်းကြည့်လိုက်သည်။

"အာ...ဦးမော်ကွန်းပါ ပါလာတာကို sorry ဗျာ "

"ရတယ် ကလေး ငါ့ကိုပေး မင်းကိုပြောစရာရှိလို့တဲ့ ဝင်လာတာ ၊ အသေးလေး ကိုယ်အပြင်မှာစောင့်နေမယ်နော် အေးဆေးနေမှထွက်ခဲ့ သား လာ ဒယ်ဒီ ice cream ဝယ်ကျွေးမယ် ဪ aircon လျှော့လိုက်ဦး သူသိပ်မကောင်းလို့ အသေးလေး ခေါက်ထားတဲ့အင်္ကျီလက် ပြန်ဖြန့်တော့"

တရပ်စပ် ပြောသွားတဲ့စကားတွေက သာသာတော့မသိ ရိုးတော့ခေါင်းပင်မူးသွားသလို။ဒါပေမဲ့လည်း လင် စကားဆို ဟုတ်ကဲ့လုပ်လေ့ရှိတဲ့ သူငယ်ချင်းကတော့ ထုံးစံအတိုင်း။

"ဟုတ်ကဲ့ သားကိုထိန်းပေးပါဦး"

ကံကောင်းမှုတွေ တသီကြီးရထားတဲ့ သာသာတို့မိသားစုကိုကြည့်ရင်း ရိုးအားကျမိသည်။သုံးဦးစလုံး အပြုံးရိပ်လွှမ်းနေတဲ့ မျက်နှာတွေက မြင်ရသူရိုးအတွက် တကယ်ကို စိတ်ချမ်းသာစရာ။

Sweet Love [ Completed ]Where stories live. Discover now