16//

1.4K 57 11
                                    

Unicode

16//

"သား...ဒယ်ဒီ့ကို မြန်မာပြည်ခေါ်သွားပေးပါလား ၊ ဒယ်ဒီလေ မဏိရဲ့ကောင်လေးကို တွေ့ချင်တယ် ၊ သူ့ကိုတွေ့ပြီး မဏိရဲ့ပုံရိပ်လေးတွေ တူးဖော်ကြည့်ချင်တယ် ဘယ်လောက်ထိများ မဏိလေးက ချစ်တတ်လိုက်သလဲ သိချင်လို့"

sofa မှ အိပ်ယာပေါ် သို့ပြောင်းရွှေ့ပေးနေစဥ် ပြောလာသော ဒယ်ဒီ၏စကားကြောင့် မော်ကွန်းအံ့သြရသည်။မိန်းမကိုကျ သူဘယ်လိုနေလဲ တခွန်းမမေး မတွေ့ချင်ပဲနဲ့။သူ့သား ကောင်လေးကိုကျ တွေ့ချင်လို့တဲ့ ။သူ့စိတ်ထဲ ဘာတွေတွေးနေမှန်း မော်ကွန်းမတွေးတတ်တော့။တနေ့တမျိုးမရိုးအောင်ကို ဘက်စုံတွေးနေတော့တာပင်။

ဒါပေမဲ့လည်း အဖေဆိုတော့လည်း ဘယ်လိုပဲနေနေ သည်းခံရတာပင်။ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ကိုယ့်ကိုနာကျင်စေဦးတော့ ပစ်မထားနိုင်။ဂရုစိုက်ရတာပင်။သူ့ပါးစပ်က သေသွားတဲ့လူကို တဖွဖွပြောလွန်းလို့ စိတ်မကောင်းဖြစ်မိပေမဲ့လဲ သည်းခံရတာပင်။

မော်ကွန်း ညီ့ကို မနာလိုတာမဟုတ်သလို ၊ဒယ်ဒီ ညီ့ကိုခဏခဏမေးနေလို့လဲ စိတ်ဆိုးတာမဟုတ်ပါ။ကိုယ့်ကိုလျစ်လျူရှူခံရလို့ အနည်းငယ် ခံရခက်ပေမဲ့ ဘယ်သောအခါမှ ဒယ်ဒီကိုစိတ်မကွက်ခဲ့ဖူးပါ။

သူ့ရဲ့အမှန်မမြင်နိုင်တဲ့ စိတ်ကိုပဲ မော်ကွန်းအားမရတာ။သေသူအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ ၊ ကျန်ရစ်နေခဲ့တဲ့လူအတွက်ဘာလုပ်ပေးသင့်လဲဆိုတာ သူမတွေး။အဲ့ဒါကိုပဲ မော်ကွန်းစိတ်တိုတာ။အခုလည်း မရေရာတာကို လုပ်ဦးမယ်။

ဒါပေမဲ့လည်း သားသမီး ဆိုတော့မိဘစိတ်ချမ်းသာအောင် ထားရမည်လေ။

"မြန်မာပြည် ခေါ်လို့ကရပါတယ်.. ဒါပေမဲ့ကျွန်တော် ပြန်လို့မရသေးဘူး company မှာပြဿနာတက်နေတယ် အဲ့ဒါတွေတည်ငြိမ်ဖို့ဆို နောက်ထပ်လပိုင်းလောက်ကြာဦးမှာ ၊တကယ်လို့ဒယ်ဒီသွားချင်ရင်တော့ ဖိုးသားရှိတယ် လှမ်းခေါ်လိုက် တယောက်ထဲတော့မပြန်နဲ့ ပြီးတော့ အဲ့ကောင်လေးကို ခဏလောက်လွှတ်ထားပေးလိုက်ပါ သူကအဖေရော ချစ်သူရောဆုံးရှုံးထားရတာ အမေကလည်းခုထိသတိမရသေးဘူး"

Sweet Love [ Completed ]Where stories live. Discover now