20//

1.6K 63 10
                                    

Unicode

20//

ဖိုးသား ဖုန်းကိုပဲ ဆက်တိုက်ဖွင့်ကြည့်နေမိသည်။အကိုလေးဆီက ခုထိကို message တစ်စောင် တောင်ရောက်မလာ။ခုချိန်ထိကို ငွေမလွှဲလာသေး။

သောကြာနေ့မနက်ပိုင်းထဲက ပြောထားတာ ခုဆို တပတ်တောင်မကတော့။

ငွေမှမရှိရင် စာချုပ်ဘယ်လိုချုပ်ရမလဲ။ကြားထဲက ပွဲစားနဲ့ကအကုန်ပြောပြီးဆိုပြီးပြီ။ပိုင်ရှင်နဲ့က ဒီနေ့တွေ့ဖို့ချိန်းထားတာကို။ခုဘယ်လိုလုပ်ရမလဲ။

ခု ဖိုးသား ရှာထားတဲ့နေရာက ဆိတ်ငြိမ်ပြီး ဝန်းကျင်သန့်သည်။ coffee ဆိုင်တခုနှင့် သင်တန်းအဆောက်အအုံ တစ်ခုကလွဲလို့ တခြားဘာမှမရှိ။

မြို့နဲ့လည်းမဝေးတာမို့ လာရောက်ကြည့်ရှုသူအတွက်လည်း အနုပညာရသကို ခံစားဖို့အကောင်းဆုံးသောနေရာ။ဖိုးသားအတွက်လည်း ကိုယ့်စိတ်ထဲရှိတာကို လွတ်လွတ်လပ်လပ် ပုံဖော်လို့ရတဲ့နေရာပင်။

အဆောက်အအုံက နှစ်ထပ်တိုက်အမြင့်ဆိုတော့ အောက်ထပ်ကိုပြခန်းလုပ်၊ အပေါ်ထပ်မှာ ပန်းချီဆွဲလို့အဆင်ပြေသည်။ပြီးတော့ အောက်ထပ်မှာက ဘာအခန်းမှဖွဲ့မထားပဲ ပြောင်ရှင်းနေတာဆိုတော့ ဖိုးသားလိုချင်တာနဲ့ ကွက်တိပင်။

အကိုလေးရေ.....ကယ်ပါ။ငွေလွှဲပါတော့ဗျ။ကျွန်တော် အဲ့အိမ်ကိုမှမရရင် သေရပါတော့မယ်ဗျ။

ကတောင်...

ဖိုးသား ဝမ်းသာအားရဖြင့် ဖွင့်ကြည့်လိုက်သည်။

"သေမဲ့ operator... "

ဖိုးသား စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကိုခေါင်းအုံးအောက်ထိုးကာ အိပ်ပစ်လိုက်သည်။

Ring.......! Ring......!

ဖုန်းသံ ကြားသဖြင့် ဖိုးသားကောင်ကိုင်လိုက်သည်။

"hello အကိုလေး...ကျွန်တော့ကို သနားပါဗျာ နော်"

"ဒီမှာခင်ဗျ.. ကျွန်တော်အကိုလေး မဟုတ်ပါဘူး ၊ခင်ဗျားနဲ့တွေ့ဖို့ချိန်းထားတဲ့ အိမ်ပိုင်ရှင်ပါဗျ ၊ ခင်ဗျားမလာတော့ဘူးဆိုရင် နောက်တယောက်ကို ပေးလိုက်တော့မယ် ဒီမှာခင်ဗျားရဲ့ပွဲစားတွေက စောင့်ပေးပါဆိုလို့ "

Sweet Love [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin