18//

1.4K 69 14
                                    

Unicode

18//

သာသာ ခြံတံခါးရှေ့ရောက်နေပေမဲ့ အိမ်ထဲမဝင်ဖြစ်သေး။စိတ်က နေ့လည်က ကိစ္စကြောင့် မပျော်ရွှင်။လူကလည်း မလန်းဆန်း။

ဘာလို့ဆို မနက်က လှေကားက ချော်ကျလို့နာနေတာရယ်၊ဌာနမှာ ဟိုလူ့ကြောင့် ဒူးနာသွားတာရယ်၊fileနဲ့ ကျောကိုပစ်ပေါက်လိုက်တဲ့အရှိန်ကြောင့် အောင့်သက်သက်ဖြစ်နေတာရယ် ပေါင်းပြီး တစ်ကိုယ်လုံးနာကျင်နေသည်။

ဒါတင်မကသေး စိတ်တိုင်းကျငိုထားမိလို့ မျက်လုံးတွေက ရဲစပ်နေသည်။မျက်ခွံတွေကလည်း ဖောင်းအစ်ကာ သိသာနေသည်။ph screen မှာ ပေါ်နေတဲ့ သာ့သာ့ရုပ်က တကယ့်ကို ရုပ်ပျက်ဆင်းပျက်။

ဒီလိုပုံစံနဲ့ အိမ်ထဲဝင်ရင် မေမွှေးကသေချာပေါက်မြင်မှာ။အဲဒိအခါ လူကြီးက ကိုယ့်အတွက်နဲ့ ဟိုတွေးဒီတွေးဖြင့် စိတ်ပင်ပန်းနေလိမ့်ဦးမည်။

မဖြစ်သေးပါဘူးလေ။သာ့သာ့အတွက်နဲ့ မေမွှေး စိတ်သောကရောက်မှာ မလိုလားပါဘူး။

ထို့ကြောင့် ခြံရှေ့အုတ်ခုံလေးမှာ ခဏထိုင်ရန် စိတ်ကူးလိုက်မိ၏။မိုးကလည်း ဖွဲတုန်းမို့ ထီးကိုခေါင်းနဲ့အနီးဆုံးဆွဲလိုက်ပြီး ထိုင်မလို့ ပြင်နေတုန်း ဆူဆူညံညံအသံများ ကြားလိုက်ရသောကြောင့် မထိုင်ဖြစ်တော့ပဲ အသံလာရာဆီ လျှောက်သွားကြည့်လိုက်သည်။

ဪ....ကလေးတွေ ဘောလုံးကန်နေကြတာကိုး။အာ့ကြောင့်အရမ်းဆူနေတာ။

သာသာတို့အိမ်က ရပ်ကွက်အစွန်ဆုံးမှာဆိုတော့ ဘောလုံးကွင်းနှင့်နီးသည်။ဘောလုံးကွင်းဆိုပေမဲ့ တကယ့်အစစ်တော့မဟုတ်။ကလေးတွေ ဆော့နေကျကွင်း​ပြင်ကျယ်ကျယ် နေရာ တခုပါပဲ။

သာသာ ကွင်းနှင့်အနီးဆုံးအထိ လျှောက်သွားလိုက်သည်။ကွင်းထဲမှာ ကလေးလူကြီးအစုံက ဘောလုံးကန်အင်္ကျီများနှင့် ကစားနေကြသည်။ဖိနပ်ပါတဲ့လူများရှိသလို မပါတဲ့လူများလည်းရှိသည်။

ကလေးသေးသေးလေးတွေက ဘောလုံးကန်သည်မဟု​တ်ပဲ ဒီအတိုင်းမိုးရေထဲပြေးလွှားနေတာဖြစ်သည်။လူကြီးတွေကသာ ဘောလုံးကန်နေကြတာ။

Sweet Love [ Completed ]Where stories live. Discover now