24//

1.5K 68 11
                                    

Unicode

24//

"သားကြီး...မာမီနဲ့စကားခဏပြောရအောင်"

အိမ်ထဲ ဝင်ဝင်ချင်း မှာပင် ဧည့်ခန်းတွင်ထိုင်နေသော မာမီ၏ လေသံမာမာကို ကြားလိုက်ရ၏။မော်ကွန်း ညကအိမ်ပြန် မအိပ်တဲ့အကြောင်း မေးလိမ့်မည် ထင်၏။

"ဟုတ်ကဲ့ မာမီ သားနားထောင်နေပါတယ်"

"ခဏတော့ ထိုင်လေ "

မော်ကွန်း sofa မှာ ဝင်ထိုင်လိုက်သည်။

"သားကြီး မာမီကို တခုခု ပြောစရာမရှိဘူးလား"

မော်ကွန်း မဖြေမိ။

"မာမီ ရိပ်မိပါတယ်သားကြီးရယ် မာမီသဘောတူပါတယ် ၊ ဒါပေမဲ့သားကြီးရယ် လူတစ်ယောက်ကို တသက်လုံးချစ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး သား လူ့စိတ်ဆိုတာ အရမ်းကြောက်စရာကောင်းတယ် အချိန်မရွေး ပြောင်းလဲသွားနိုင်တယ် ဥပမာ မင်းဒယ်ဒီကိုပဲ ကြည့်လေ ချစ်စိတ်မွှန်နေတဲ့ အချိန်ခဏလေးမှာ သူမာမီရဲ့ဘဝထဲကို ခြေစုံပစ်ဝင်ခဲ့တယ် ကတိတွေအထပ်ထပ်ပေးပြီး သစ္စာတရား မေတ္တာတရား အကြောင်းတွေကို စာလုံးပေါင်းပြခဲ့တယ် သူချစ်နေတုန်းဆိုတော့လေ ၊ နောက် ပင်ပန်းဆင်းရဲမှုတွေ အကြာကြီးခံစားလာရတော့ သူ့မှာချစ်စိတ်တွေပါးလာတယ် ကတိတွေမေ့လျော့လာတယ် ဒီလိုပဲ ကျောခိုင်းသွားတော့တာပဲ အဲ့ဒိအချိန်မှာ သူ့စိတ်ထဲမှာ လွတ်မြောက်နိုင်ဖို့ကလွဲရင် ကျန်တာဘာမှမရှိတော့ဘူး ကျန်ရစ်ခဲ့မဲ့သူကို ထည့်မတွေးတော့ဘူး သား ချစ်နေချိန်မှာ သစ္စာကတိတွေ ခိုင်မြဲတတ်ကြပေမဲ့ မုန်းသွားချိန်မှာတော့ သွေးအေးအေးနဲ့ ရက်စက်တတ်သွားတာပဲ "

မာမီက ပြောလက်စ စကားကိုခဏရပ်လိုက်ပြီး ထိုင်ရာမှ ထကာ မှန်ပြတင်းဆီ လျှောက်သွားလိုက်သည်။ထို့နောက် ခန်းစီးစတဖက်ကို ဆုပ်ကိုင်လိုက်သည်။

"မာမီပြောချင်တဲ့ အဓိပ္ပါယ်ကို သားသဘောပေါက်မှာပါ ၊ မာမီတို့လို့ သာမာန်အမျိုးသမီးအမျိုးသားတွေမှာတောင် ဘာမဟုတ်တဲ့အကြောင်းလေးနဲ့ လွယ်လွယ် လမ်းခွဲပြတ်စဲနိုင်ကြတယ်သား ၊အထူးသဖြင့် မင်းတို့လို သဘာဝလွန်စုံတွဲတွေအတွက်ဆို ပိုသတိထားရတော့မှာ အရင်ဆုံးကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ရမယ် လူတွေပြောနေကျစကားလို နှစ်ယောက်သားချစ်နေဖို့ပဲ လိုတယ် ကျန်တာဘာအရေးလဲ ဆိုတာက လက်တွေ့မှာမှားနေတယ် သား နှစ်ယောက်တစ်ဘဝ ထူထောင်တော့မယ်ဆို အနည်းဆုံးမိဘဆွေမျိုးတွေ ကိုအသိပေးရတော့မယ် သူတို့ကလက်ခံတယ်ပဲထား ပတ်ဝန်းကျင်ဆိုတာက ရှိသေးတယ်လေ ကိုယ်တွေကသဘာဝကိုဆန့်ကျင်နေတော့ သူတို့ကအနည်းနဲ့အများတော့ ကဲ့ရဲ့ကြမှာပဲ အဲ့ဒိဒဏ်ကိုခံနိုင်ရည်ရှိရဲ့လား ပတ်ဝန်းကျင်ကို ဥပက္ခာပြုပြီး ငါရှေ့ဆက်လျှောက်နိုင်ပမလား နောက်ပြီး ဘယ်လိုအခက်အခဲပဲကြုံလာကြုံလာ ငါသူ့ကို လက်တွဲထားဖို့ ယုံကြည်ချက်ရှိနိုင်လား နောက်ပြီး သူ့အပေါ်အမြဲတမ်း စိတ်ရှည်သည်းခံပြီး ချစ်နိုင်ပမလား ဆိုတာသေချာစဥ်းစားထားရမယ် မင်းကဒေါသကြီးတော့ ပိုစဥ်းစားရမယ်"

Sweet Love [ Completed ]Where stories live. Discover now