23//

1.4K 60 8
                                    

Unicode

23//

ဘုတ်......

file တထပ်ကြီးက ဘုတ်ခနဲမြည်အောင်ပင် မော်ကွန်းရှေ့ရောက်လာသည်။

"မီးမီး ဒါဘာတွေလဲ ၊​လေးနာရီထိုးရင် ငါပြန်မှာလို့ ပြောထားတယ်လေ ၊အခု သုံးနာရီထိုးနေပြီ ငါမလုပ်နိုင်တော့ဘူး ပြန်ယူသွား အရေးမကြီးဘူးဆို အိမ်သယ်သွားမယ် အရေးကြီးတယ်ဆို နင်လုပ်လိုက် ငါနင့်ကိုအာဏာကုန်လွှဲပြီးသားလေ "

"အမလေး..အဲ့စကားကြီးကို ကြောက်လွန်းလို့ပါ အကိုလေးရယ် ခဏခဏ မပြောစမ်းပါနဲ့ ၊ မီးမီး တသက်လုံးထဲက လက်ထောက်လုပ်လာတာ ခုလည်းလက်ထောက်ပဲ ရာထူးမတိုးချင်ဘူး ၊ ဒါတွေအကုန်အရေးကြီးတယ် မနက်ဖြန်မနက်အပြီးပို့ပေးရမှာတေ အကိုလေးပဲ ​ မြန်လေကောင်းလေဆို တစ်နာရီစောရင်တစ်နာရီ ငါ့အတွက်အကျိုးရှိလှပချည်ရဲ့ဆို လုပ်ပါ"

ဘယ်နှဲ့ရှိစ အကိုလေးရဲ့။မနက်ရုံးစရောက်ထဲက ငါလေးနာရီထိုးရင် ပြန်မှာနော် စကားကတနေကုန် ပါးစပ်ဖျားကမချဘူး။နေ့ခင်းရောက်တော့လဲ ပြန်ဖို့အရေးကို တာဆူနေပြီ။

နာရီပိုင်းလောက်လိုထဲက ဖင်တကြွကြွကို ဖြစ်နေတာ။မီးမီး သူမပြန်ဖြစ်အောင်ဆိုပြီး အချိန်ဆွဲထားတာ။အဲတော့ အလုပ်ကပေါ်လာလိုက် ပြန်ထိုင်လိုက်နဲ့။

စိတ်ဆတ်တဲ့သူက မီးမီးလုပ်ရပ်ကို သိသိကြီးနဲ့ပေမဲ့ စိတ်ကတော့ မတိုပါဘူး။သူ့စကားနဲ့သူဆိုတော့ မတိုရဲတာလည်း ပါမှာပေါ့။

' အလုပ်ဖြင့်မလုပ်ရသေးဘူး ပြန်ချင်တာက အရင်ပဲ ' ဆိုတဲ့စကားလေ။မီးမီးကိုဆို သူအမြဲပြောနေကျ။ငါတောင် လေးနာရီထိ နေတာ နင်ကဘာမိုလို့လဲကရှိသေး။

"မီးမီး... !!"

"ဟုတ်ကဲ့ အကိုလေး အရေးကြီးပါတယ် ၊မဟုတ်ရင် အရှုံးအများကြီး ပေါ်ပါလိမ့်မယ်နော် နာရီဝက် တစ်နာရီလောက် အချိန်လေးပေးမှာလား ဒါမှမဟုတ် ဘီလီယံနဲ့ချီပြီး အရှုံးခံမလား ကြိုက်ရာရွေးပါ"

ဒါ မီးမီး သက်သက်ညစ်နေတာ။မော်ကွန်း စောစော ပြန်ရမယ်လို့ သူ့ကိုပြောထားတာ။ဒါကို... ။

Sweet Love [ Completed ]Where stories live. Discover now