28//

1.8K 67 15
                                    

Unicode

28//

"ဦးမော်ကွန်း.."

"ဗျာ့"

"သာသာ ဒီနေ့ဘာသာ မရဘူး စိတ်ထဲမှာထင့်နေသလိုပဲ တကယ်လို့ ကျက်ထားတာတွေသာ မပါခဲ့ရင် ဘယ်လိုလုပ်ပမလဲဟင် နောက်ဆုံးတစ်ဘာသာကျမှ... "

မော်ကွန်း သူ့စကားကို နားထောင်နေပေမဲ့ ပြန်မပြောဖြစ်။လုပ်လက်စ ဖြစ်တဲ့ကြယ်သီးတပ်ခြင်းကိုပဲ အာရုံစိုက်နေမိ၏။

သူဒီလိုစကားပြောတာ ပထမဆုံးအကြိမ်မဟုတ်။စဖြေတဲ့ဘာသာ တွေထဲက ပြောနေတာ။ကြားရက် တနင်္ဂနွေပိတ်ရက်သာ မပြောတာ။

"ဦးမော်ကွန်း...သာသာပြောနေတယ်လေ ပြန်ပြောဦး"

"ok...ကိုယ့်ချစ်မဝလေးက ပုဆိုးလေးနဲ့လည်း လှတာပဲ ဘာလေးပဲ ဝတ်ဝတ် ကြည့်ကောင်းနေတော့တာပဲ"

သာသာ့စကားကို အရေးမလုပ်ပဲ မေးစေ့ပွတ်ပြီး လူကိုလှည့်ပတ်ကြည့်နေသည်။

"ဦးမော်ကွန်း.....!!"

"ဗျာ့"

"ပြောလေဗျာ.. "

"ဪ ကိုယ့်ချစ်မဝလေးက စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ ဘာမှတွေးပူမနေနဲ့ အချိန်တန်ရင်သူဘာသာအဆင်ပြေသွားလိမ့်မယ် ၊ ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုတင် ပြင်ဆင်ထားသူတယောက်ရဲ့ ရလဒ်ကဘယ်တော့မှ ရှုံးနိမ်ခြင်းဆိုတာမရှိဘူး အကယ်၍ကံတရားကြောင့် လွဲချော်သွားခဲ့တယ် ဆိုရင်တောင် ဒါဟာ သင်ခန်းစာတစ်ခုလို့ ဖြည့်တွေးလို့ရတယ် အရေးကြီးတာက ယှဥ်ပြိုင်နေစဥ်အတွင်းမှာ စိတ်အေးအေးနဲ့ကိုယ်ဘယ်လို စဥ်းစားလုပ်ဆောင်မယ် ဆိုတာပဲ ကျန်တာလုံးဝမတွေးနဲ့"

"ဒါပေမဲ့...."

"ကိုယ်တစ်ခုပြောပြမယ် စိတ်လှုပ်ရှားတာတွေ ပျောက်ချင်ရင် အနားမှာရှိတဲ့လူတယောက်ကို ခပ်တင်းတင်းဖက် ထားရတယ်တဲ့..အဲ့ဒါသိလား"

"ဟွန့် သူဖက်ချင်တိုင်း လျှောက်ပြောနေတာ"

ရင်ခွင်ထဲ ပစ်လှဲချလိုက်တာများ အပြောကပင် နောက်ကျနေသယောင်။

"ဖက်တာက အဲ့လိုမဟုတ်ဘူးလေကွာ"

"အတူတူပါပဲ"

Sweet Love [ Completed ]Where stories live. Discover now