15//

1.5K 64 13
                                    

15//

ဂျိန်း.....ဂျုန်း.....ဂျိန်း

မိုးခြိမ်းသံကျယ်ကျယ်နှင့် လျှပ်စီးကတဝင်းဝင်း။ဝေါခနဲ ရွာချလာသည့် မိုးစက်များ။

ထိုအသံတွေကို ကြောက်လွန်းလို့ သာသာ အခန်း ထောင့်လေးမှာ ထိုင်နေရသည်။မီးကလည်း ပြတ်နေသည်မို့ တခန်းလုံးမှောင်မဲနေသည်။ ပိုက်ထားတဲ့ ခေါင်းအုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မျက်နှာအပ်ငိုမိသည်။

မငိုပါနဲ့ ပြောခဲ့တဲ့ဦးမော်ကွန်းရေ......။

သာသာ စကားနားမထောင်တာ မဟုတ်ဘူးနော်။အရမ်းကြောက်လို့ပါ။ဘာလို့ သာ့သာ့ကိုထားခဲ့တာလဲဟင်။ပြန်မလာတော့တာတော့ မဟုတ်ပါဘူးနော်။

သာ့သာ့ဘေးမှာ နံရံအေးစက်စက်ကလွဲလို့ ဘာဆိုဘာမှရှိမနေ။မေမေလည်း မရှိသလိုမမလည်း မရှိ။

ငယ်ငယ်ကဆို ခုလိုညဘက်မိုးအရမ်းသည်းနေရင် မေမေကပွေ့ဖက်ကာ သီချင်းဆိုပြသည်။ဖေဖေကတော့ အဲ့ဒိအချိန် ဆေးရုံကပြန်မရောက်သေး။မေ့​မေ့ သီချင်းသံ ကြားတော့ မမကလည်း စာကြည့်ရင်း အနားလာထိုင်သည်။နောက်တော့ သုံးယောက်သားက ဘွား၏ သီချင်းတွေဆိုကြသည်။

စကားမပီတဲ့သာသာက စာသားတွေမှားဆိုမိရင် မေမေနှင့်မမက အသံအကျယ်ကြီး ရယ်မောခဲ့ကြသည်။မိုးရွာသံကိုတောင် အုပ်သွားသလိုပဲ။ အဲ့လိုညတွေဆို သီချင်းဆိုရင်း မောလို့အိပ်ပျော်သွားတဲ့အခါချည်း။မနက်အိပ်ယာထရင်သာ ဖေဖေ့ရင်ခွင်ထဲရောက်နေတာ။

ဖေဖေ... ဘယ်ဆီများရောက်နေသလဲ။မေမေ...သတိရပါတော့ဗျာ။
မမ...သာသာကြောက်တယ်။

ဦးမော်ကွန်း ပြန်သွားပြီးထဲက သာသာ့နေရက်တွေကို အငိုနဲ့ဖြတ်သန်းခဲ့ရသည်။သူ့ကို သတိရလို့မဟုတ်ပေမဲ့ နေရာတိုင်းမှာ သူ့ပုံရိပ်တွေပဲ မြင်နေသည်။ညဘက်အိပ်ယာဝင်တော့လည်း အိပ်မက်ထဲ ဝင်ရောက်လာသည်။

အဲ့ဒိနေ့ သူပြန်သွားထဲက သာသာတစ်ညလုံးငိုမိခဲ့သည်။မနက်ရောက်တော့ အဖျားကြီးလို့ ဆေးပါထိုးခဲ့ရသည်။ဒါပေမဲ့ မှတ်စုစာအုပ်လေး ဖတ်ပြီး သာသာပြန်ကောင်းသွားခဲ့သည်။ဦးမော်ကွန်းက သူမရှိချိန် သာသာအထီးမကျန်စေရန် ဖုန်းထဲတွင် သူ့အသံများထည့်ပေးခဲ့သည်။စည်းကမ်းချက် ရွတ်နေတဲ့ အသံများ တနေကုန်နားထောင်ရင်း အခန်းထဲအောင်းခဲ့သည်။

Sweet Love [ Completed ]Where stories live. Discover now