အပိုင်း ၁၆

873 61 0
                                    

ချစ်ကြည်ရင်းနှီးမှု

လဲ့ယောင်းယောင်းက အိပ်မက်မက်နေသလို ခံစားနေရတယ် ။

ဒါပေမယ့် အိပ်မက်ထဲက အရာအားလုံးက လက်တွေ့ဆန်တယ်လို့ ခံစားရတယ်။

သူ့စိတ်ကိုခန့်မှန်းလို့မရတဲ့ယောက်ျား ၊ လက်စားချေချင်တဲ့ လူသတ်သမား၊ နောက်ဆုံးအချက်မှာ အကြင်နာမဲ့သောမြှား။  နေရာအနှံ့မှာ သွေးတွေပြန့် ကျဲနေသည်ကို သူမ မှတ်မိတယ်

မြင်ကွင်းတိုင်းက လဲ့ယောင်းယောင်း စိတ်ထဲတွင် အဆက်မပြတ် ပြန်လည်မြင်နေရသည်။  သူမ အိပ်မက်ကနေ နိုးလာတော့ အရမ်းကြောက်နေခဲ့တယ်

သူမ နှလုံးခုန်သံပြင်းပြင်းနဲ့ ကုတင်ပေါ်ကနေ ခုန်ချလိုက်တယ်။  သူမမြင်လိုက်ရတဲ့အရာတွေနဲ့ပတ်သက်ပြီး တုန်လှုပ်နေတာကို ခံစားလိုက်ရသည်။

သူမ နဖူးမှာ ချွေးတွေစို့နေသည်။

လက်တစ်ဖက်ဖြင့် ခုန်နေသောနှလုံးကို အုပ်ကိုင်ထားလိုက်သည်။  လဲ့ယောင်းယောင်း ငြိမ်သက်သွားသည်အထိ အသက်ပြင်းပြင်းရှူလိုက်သည်။  ထို့နောက် သူမက သူမကိုယ်သူမ ခပ်တိုးတိုးလေး ညည်းလိုက်တယ်

"အိုး...ကံကောင်းတာက အိပ်မက်တစ်ခုပဲ... သေလုမတတ်ကြောက်နေခဲ့တာ.. အ့...!?"

မူလက သူမ စိတ်သက်သာရာ ရသွားသည်။  ဒါပေမယ့် သူမပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လဲ့ယောင်းယောင်းက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားရတယ်။  သူမက ရုပ်ကြွင်းတစ်ခုလို တောင့်တင်းသွားသည်။

အဖြူရောင် နံရံများ နှင့် ရိုးရှင်းသော အခန်း ၊ ထိုင်ခုံလေးလုံးပါသော သစ်သားစားပွဲ ၊  တစ်ချက်ကြည့်လိုက်လျှင် ထိုအရာများသည် ရှေးခေတ်အသုံးအဆောင် ဖြစ်ကြောင်း ထင်ရှားသည်။

သူမချစ်သော Ding Dong ပုံနဲ့ မွေ့ရာအစား သစ်သားကုတင်ပေါ်တွင် မြက်များနှင့်ပြည်နေသော မွေ့ယာပေါ်တွင် သူမအိပ်နေရသည်။

 သူမချစ်သော Ding Dong ပုံနဲ့ မွေ့ရာအစား သစ်သားကုတင်ပေါ်တွင် မြက်များနှင့်ပြည်နေသော မွေ့ယာပေါ်တွင် သူမအိပ်နေရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now