နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခြင်း
နောက်ဆုံးတွင်၊ လူမိုက်သည်သာ လူသတ်တာ၏ ရည်ရွယ်ချက်ကို သိရှိနိုင်မည်ဖြစ်သည်။ သူမက အလန့်တကြားကြီး ဖြစ်နေသည်။
သူမ လွတ်မြောက်ချင်ပေမယ့် သူမခြေထောက်တွေက အမြစ်တွေပေါက်ပြီး မြေကြီးပေါ်မှာ တင်းတင်းကျပ်ကျပ် ကပ်နေပုံပါပဲ။ သူမက ၎င်းတို့ကို မလှုပ်နိုင်သောကြောင့် စကားထစ်လာသည်။
“အိုး….အင့်…မင်း-မင်းသား ယွေ့ ကျွန်တော်မျိုး ရည်ရွယ်ပြီး လုပ်ခဲ့တာ မ….”
"အိုး ? မရည်ရွယ်ဘူးလား? မင်း ရည်ရွယ်ချက်မရှိတဲ့အရာတွေ အများကြီးလုပ်နေတာ သေချာပါတယ်…”
လန်ဂျင်းယွိရဲ့ အေးခဲနေတဲ့ အပြုံးက သူ့မျက်နှာပေါ်တွင် ကျန်နေခဲ့သည် ။ သူ့အသံက တိုးလျပြီး ဆွဲဆောင်မှုရှိတဲ့ အသံမျိုးဖြစ်ပေမယ့် နွေးထွေးမှုတော့ မရှိခဲ့ပါဘူး။
“အာ….”
လဲ့ယောင်းယောင်း မျက်နှာ ပျက်သွားသည် ။ လန်ဂျင်းယွိက ဒီနေ့မနက်က သူ့ကို ကိုက်လိုက်သည်ကို ရည်ညွှန်းနေမှန်း သူမ သိသည်။
ဒါပေမယ့် သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါ ။ သူ ရုတ်တရတ် နမ်းလာတာကြောင့် ဒီမနက်က သူ့ကို ကိုက်မိလိုက်တာ။
ယခု သူမ သူ့ကို ပါးရိုက်လိုက်သော်လည်း ရည်ရွယ်ချက်မရှိခဲ့ပေ ။
သူ့လေသံက သူမကို လွှတ်ထားလိုက်ပုံမပေါ်ပေ ။ ဒါက သူမ ခေါင်းပျက်သွားလိမ့်မယ်လို့ ဆိုလိုတာလား ?
လဲ့ယောင်းယောင်းက စောစောက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရတယ်။ ထိုလူက သူ့လက်များကိုသာ အသုံးပြုပြီး လုပ်ကြံသတ်ဖြတ်သူအားလုံးကို နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့သည်ကို သူမ လျင်မြန်စွာ သတိရသွားသည်။
နေရာတိုင်းတွင် အလောင်းများရှိသည်။ သွေးနံ့နှင့် အော်သံတွေ
သူ့ရှေ့မှာဒီလူက ကောက်ရိတ်သမားနှင့်တူ၏။ သူသည် အဆက်မပြတ် ရိတ်သိမ်းတတ်သည်။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
RomanceTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...