အပိုင်း ၄၀

628 30 0
                                    


အဖြူရောင်ဝတ်ရုံနှင့်လူ

လဲ့ယောင်းယောင်းက တစ်စုံတစ်ယောက်ဟာ လည်ပင်းထဲကို ဂွမ်းတစ်လုံးထည့်ထားသလို ခံစားရတယ်။  သူမ အသံမထွက်နိုင်ဘူး။  လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်သော မြင်းလှည်းက သူမဆီဦးတည်လာနေချိန်တွင် သူမက အားကိုးရာမဲ့စွာသာ စိုက်ကြည့်နေနိုင်သည်။

သူမ အသက်ရှင်ခဲ့ရင်တောင် ပုံပျက်သွားမှာကို သူမသိတယ်။  စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရင်းနဲ့ မျက်လုံးတွေကို ချက်ချင်းမှိတ်လိုက်တယ်။
ဆိုရိုးစကားအတိုင်း
“မျက်စိက မမြင်ရဘူး၊ နှလုံးက ဝမ်းနည်းပြီးမကြေကွဲရဘူး ”

အံ့သြစရာကောင်းတာက လဲ့ယောင်းယောင်း မျက်လုံးတွေမှိတ်ထားလိုက်တာနဲ့ ကောင်းကင်ကြီးက လည်သွားပြီး ခါးကတင်းကြပ်သွားသလို ခံစားလိုက်ရတယ်။  အဲဒီခံစားချက်က ရိုလာကိုစတာစီးရသလိုပဲ စိတ်လှုပ်ရှားစရာကောင်းတယ်။

အစကတော့ သူမ ကြောက်စိတ်ကနေ ရူးသွပ်သွားတယ်လို့ ထင်ခဲ့တယ်။  ထို့ကြောင့် သူမက နာကျင်မှုကိုပင် မခံစားခဲ့ရပေ။  သူမက လေထဲတွင်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။  ထို့ကြောင့် လဲ့ယောင်းယောင်းက ပြင်းထန်သော သက်ရောက်မှုကို စောင့်ဆိုင်းရင်း မျက်လုံးများကို လုံလုံခြုံခြုံမှိတ်ထားဆဲဖြစ်သည်။

ဒါပေမယ့် အဆက်မပြတ် စောင့်ဆိုင်းပြီးနောက်မှာတော့ မျှော်လင့်ထားတဲ့ နာကျင်မှုတွေ မရောက်ခဲ့ပါဘူး။  ယင်းအစား အလွန်သာယာသော အသံတစ်ခု သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။

"ညီလေး* မင်းအဆင်ပြေရဲ့လား"  သူက ညင်သာစွာ မေးလာသည်။

သူ့အသံက နိမ့်ပြီး အနည်းငယ် အက်ရှရှ ဖြစ်နေတယ်။  အလွန်ကောင်းတဲ့ ဝိုင်ပုလင်းကို ဖွင့်လိုက်သလိုပါပဲ အဲ့ဒါက မူးရစ်စေတယ် ။

ဒါကိုကြားတော့ လဲ့ယောင်းယောင်း အံ့သြသွားတယ်။  ထို့ကြောင့် သူမ တိတ်တဆိတ် မျက်လုံးဖွင့်ကြည့်လိုက်သည်။

နတ်ဘုရားလို ချောမောတဲ့ အမျိုးသားတစ်ဦးက သူမကို စိုက်ကြည့်နေသည်ကို သူမတွေ့လိုက်ရသောအခါတွင် သူမ၏ မျက်လုံးများ ချက်ချင်းပွင့်လာသည်။  သူမ မထိန်းနိုင်ဘဲ အေးမြသောလေကို ရှုရှိုက်ရင်း-

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now