၁၁၁ / ၁၁၂ / ၁၁၃

196 9 0
                                    


ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၁၁ - သီးသန့်ခန်း

 အထဲကို လျှောက်သွားရင်း ငရဲမင်းက အနီရောင် ၀တ်ထားတဲ့ အမျိုးသမီးကို သူ့အပေါ်ကနေ တွန်းထုတ်လိုက်သည်။

 ဒါကိုမြင်တော့ အနီရောင် ၀တ်ထားတဲ့ မိန်းမက စိတ်ဆိုးသွားသည်။ သူမရဲ့ နှုတ်ခမ်းနီရဲရဲကို အနည်းငယ် စူလိုက်ပြီး နာကြည်းမှု အနည်းငယ်ကို သူမ၏ မျက်လုံးများတွင် မြင်တွေ့နိုင်သည်။

 သို့သော် ငရဲမင်း၏ အေးခဲသောမျက်နှာနှင့် ရင်ဆိုင်ရသောအခါတွင် သူမသည် အနည်းငယ် ထိတ်လန့်သွားပုံရပြီး ဂုဏ်ယူဝံ့ကြွားစွာ မပြုဝံ့တော့ပေ။

 ဒါကိုမြင်တော့ လဲ့ယောင်းယောင်း နည်းနည်းတော့ သက်သာရာရသွားသည်။ ဒါပေမယ့် သူ ဖြည်းဖြည်းချင်း ပြည့်တန်ဆာအိမ်ထဲ ဝင်သွားတာကို သူမ ကြည့်နေချိန်မှာတော့ သူမ စိတ်ဆိုးနေတုန်းပဲ ဖြစ်သည်။

 သူမ မကူညီနိုင်ဘဲ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ယောက်ျားတိုင်းသည် ဖောက်ပြန်သူများဖြစ်သည်။ ငရဲမင်သည်လည်း ခြွင်းချက်မဟုတ်ပေ။

 လဲ့ယောင်းယောင်းက မျိုးရိုးမြင့်နှစ်ဦးနောက်သို့ လိုက်သွားခဲ့သည်။ သူမသည် နူးညံ့သိမ်မွေ့စွာ ထွင်းထုထားသော ကျောက်စိမ်းတစ်ခုကဲ့သို့ ဖြစ်သော်လည်း နန်းကုန်းကျင်းရှီနဲ့ လန်ဂျင်းယွိတို့ သူမရှေ့တွင် ရှိနေတာကြောင့် သူမသည် လျင်မြန်စွာ လျစ်လျူရှုခံခဲ့ရသည်။ သူတို့၏ ၀တ်စားဆင်ယင်မှုအပေါ် အခြေခံ၍ ၎င်းတို့နှစ်ဦးသည် ချမ်းသာသူများဖြစ်ပြီး လဲ့ယောင်းယောင်းက အစေခံတစ်ဦးမျှသာဖြစ်ကြောင်း ထင်ရှားသည်။

 ထို့အပြင် လဲ့ယောင်းယောင်းက ခပ်ငယ်ငယ်နှင့် ခပ်ပိန်ပိန်ဖြစ်ကာ အရပ်မြင့်မြင့် ယောက်ျားလေးနှစ်ယောက်၏ ဘေးတွင် ထားလိုက်သောအခါတွင် လူတိုင်း၏ အာရုံစူးစိုက်မှုမှာ သဘာဝအတိုင်း ၎င်းတို့ဆီသို့ ကူးပြောင်းသွားခဲ့သည်။

 အထဲကို ရောက်တာနဲ့ အမျိုးသမီး ပြည့်တန်ဆာအစောင့်က ချက်ချင်း ကြိုဆိုသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now