အပိုင်း ၂၈

716 43 0
                                    

ဝတ်ရုံဝတ်ပေး

နံနက်ခင်း နေရောင်ခြည်သည် တောက်ပနေ၏။  ရေကူးကန်၏ အပေါ်ဘက်တွင် ဖြာကျနေပြီး အပေါ်မှ ရွှေရောင် အလင်းတန်း အလွှာကို ထုတ်လွှတ်ထားသည်။

လေညင်းသည် နူးညံ့ညင်သာလှသည်။  ရေပေါ်တွင်  လှိုင်းလုံးအနည်းငယ် ဖြစ်ပေါ်နေသည်။

ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

ဒါပေမယ့် ရှုခင်းတွေ ဘယ်လောက်ပဲ လှပပါစေ၊ မင်းသား ယွေ့ အနားမှာ ရှိနေချိန်မှာတော့ သူတို့အားလုံးက သာမည ဖြစ်သွားပါတယ်။

လောလောဆယ်တွင် ရွှေရောင်နေရောင်ခြည်သည် ထွင်းထုထားသော ပြတင်းပေါက်များမှတစ်ဆင့် လူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပါသည်။

သူ့အဝတ်အစားက နှင်းတွေလို အဖြူရောင်ဖြစ်ပြီး ဆံပင်တွေက ရေတံခွန်လိုဖြာနေခဲ့တယ်။  လေနုအေးသည် သူ့အင်္ကျီလက်များဆီရောက်လာပြီး သူ့ဆံပင်အချို့မှာလည်း လေထဲတွင် ရှိနေသည်။ အဲ့ဒါက အလွန်ကြော့ရှင်းနေတယ်

မင်းသား ယွေ့က ငြိမ်သက်စွာ ရပ်နေပြီး အဝေးကို စိုက်ကြည့်နေသည်။  သူ့တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းတွေနဲ့ ဝန်းရံထားသလိုပါပဲ။  အမှန်အတိုင်းပြောရရင် သူ့အလှက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။

လဲ့ယောင်းယောင်းက မိုးကြိုးကြောင့် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။  သူမ နှလုံးခုန်သံတောင် မမှန်တော့ဘူး။

သူမ၏ တောက်ပသော မျက်လုံးများသည် သူ့နောက်ကျောပေါ်သို့ ကျရောက်လာသည်နှင့်အမျှ သူမသည် ၎င်းတို့ကို မဖယ်ခွာနိုင်ပေ။

မူလက မင်းသား ယွေ့က သူ့ဆီသို့ နောက်ကျောပေးထားသည်။  သို့သော် ရုတ်တရက် တစ်ဖက်ကို အနည်းငယ် လှည့်ကြည့်လာသည်။  ဖြစ်နိုင်ချေကတော့ သူမအကြည့်တွေ ပူလောင်နေတာကို သူ သတိထားမိနေလို့ပဲ။

နေရောင်ခြည်သည် သူ့မျက်နှာပေါ် ဖြာကျလာတော့ အဲ့တာက ပြီးပြည့်စုံလွန်းတယ်။  လဲ့ယောင်းယောင်းက သဘာဝလွန်ဆန်သော လက်မှုပညာကို မြတ်နိုးနေသကဲ့သို့ ခံစားရသည်။  ဤသည်မှာ ဘုရားသခင်၏ အမှုဖြစ်သည်!

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now