အပိုင်း ၂၆

725 43 0
                                    

မင်း ဗိုက်ဆာနေတာမဟုတ်ဘူးလား? စားလေ!


လန်ဂျင်းယွိ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ ပိုဒေါသထွက်လေလေပဲ။

လဲ့ယောင်းယောင်းကို ကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။  သူ့မကျေမနပ်ကို ဖုံးကွယ်ဖို့ မကြိုးစားဘူး။

လဲ့ယောင်းယောင်းက နောက်ဆုံးတွင် လှည့်ကြည့်လာပြီး ပြင်းထန်သော အလင်းတန်းကို သတိပြုမိသွားသောအခါ သူမ၏ ဦးရေပြားက ထုံကျင်သွားပြန်သည်။

ဟင့်အင်း၊ ငရဲမင်းက အမှန်ပင် ငရဲမင်းပင်ဖြစ်သည်။  သူ့စိတ်နေစိတ်ထားက အမြဲတမ်း မှန်းဆလို့မရသလို မတည်ငြိမ်ဘူး။

တစ်မိနစ် နေသာပြီး  နောက်တစ်စက္ကန့်မှာ မိုးရွာနေတယ်။  သူ့မှာ စိတ်ကစဥ့်ကလျားရောဂါရှိနေတာလား ဒါမှမဟုတ် ဘာလဲ ?

လဲ့ယောင်းယောင်းက သူ့ကို တိတ်တိတ်ဆိတ်ဆိတ် ကျိန်ဆဲနေပေမယ့် သူမမျက်လုံးရဲ့အာရုံစူးစိုက်မှုက ခေါက်ဆွဲပန်းကန်လုံးဆီ အမြန်ပြန်ပြောင်းသွားပါတယ်။

အိုး အနံ့အရမ်းမွှေးတယ်။  သူမ တကယ်စားချင်နေပြီ...

ဒါပေမယ့် ငရဲမင်းက သူမအတွက် ခေါက်ဆွဲတစ်ပန်းကန်ကို တစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ချက်ခိုင်းမယ်လို့ သူမ မယုံခဲ့ပါဘူး။  သူ ဘယ်လို စိတ်ကောင်းရှိနိုင်မှာလဲ ?

သူမ တိတ်တိတ်လေး ကျိန်ဆဲနေချိန်မှာတော့ ထိတ်လန့်စရာကောင်းတဲ့ စကားတွေက သူမနားထဲကို တိုးဝင်လာပါတယ်။

"စားလေ !"

ရိုးရှင်းသောအမိန့်တစ်ခုသာဖြစ်သည်။  သူ့အသံက အေးစက်ပြီး အဝေးကို ရောက်နေသည် ။ ဒါပေမယ့် လဲ့ယောင်းယောင်း ကြားလိုက်သောအခါ သူမ အံ့ဩသွားသည်။  သူမမျက်လုံးများက မယုံကြည်နိုင်မှုကို ပြသနေသည်။

"ဘာလဲ?!"

"မင်း ဗိုက်ဆာနေတာမဟုတ်ဘူးလား?  စားလေ !"

လန်ဂျင်းယွိက သူမ၏ မယုံကြည်မှုကို သတိပြုမိပြီး တစ်ကြိမ်ထပ်ပြောသောအခါတွင် မျက်မှောင်ကြုတ်သွားသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now