ကျေနပ်မှုရှိပါတယ်!
“ဗျာ?!အ.. အရှင့်ရဲ့.......အောက်..အောက်ခံအဝတ်ကို ချွတ် ပေးရမယ်...?!”
လဲ့ယောင်းယောင်း သူမ၏အသံမှ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
ထို့နောက် သူမ မင်းသား ယွေ့ ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။
မင်းသား ယွေ့က ပါးလွှာသော အတွင်းခံကိုသာဝတ်ထားပြီး သူ့ခါးမှာ လျော့လျော့လေး ချည်နှောင်ထားတဲ့ ကြိုးထုံးလေးရှိတယ်။
ကော်လာပေါ်ကနေဖြတ်ပြီး သူ့ရဲ့ ညှို့အားပြင်းတဲ့ ကြေးညိုရောင် ရင်ဘတ်ကို မြင်နေရတယ်။
အလွန်အကျွံမဖော်ပြထားသော်လည်း အဲ့တာက လူတစ်ဦးကို အနှောက်အယှက်ဖြစ်စေမည့် တစ်စိတ်တစ်ပိုင်းကိုဖော်ပြသည့်နေရာတွေဖြစ်တယ်။
အဲ့တာက လူတစ်ယောက်ရဲ့ လူမဆန်တဲ့ဘက်အခြမ်းသို့ ထွက်ပေါ်လာစေနိုင်သည်။ သားရဲက ဒီရုပ်ချောပြီး မကောင်းဆိုးဝါးလူကြီးကို ထိပါးရန် အတွင်းခံအ၀တ်ကို ဆွဲဖြဲချင်လာသည်။
ထင်ရှားသည်မှာ၊ လဲ့ယောင်းယောင်းက ဤအရာများကို အမှန်တကယ် မလုပ်တတ်ပေ။ သူမက စိတ်ကူးယဉ်မှုကိုသာ အသုံးချခဲ့သည်။အကယ်၍ ဒီလူကို တကယ်ထိပါးချင်တယ်ဆိုရင်တော့........အင်း မေ့ထားလိုက်တော့!
သူမကို သူချေမှုန်းဖို့အတွက် လက်ညှိုးတစ်ချောင်းကိုပဲ မြှောက်ရန်သာလိုသည်။
ဒါကိုတွေးရင်း လဲ့ယောင်းယောင်း တုန်တုန်ယင်ယင်မဖြစ်ဘဲမနေနိုင်ခဲ့ပေ။ သူမအပေါ်မှ ကျယ်လောင်သော ချောင်းဟန့်သံကို ကြားသည့်တိုင်အောင် သူမ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသေးသည်။ နောက်တော့ သူမ ဘာလုပ်ရမလဲဆိုတာ ကိုမေ့လုမတတ်ဖြစ်သွားတာကို သိလိုက်ရတယ်။
သူမရှေ့က ဒီလူ မပျော်ခဲ့ဘူးဆိုရင် သူမဦးနှောက် ပြုတ်ထွက်သွားလိမ့်မယ်!
ဒီတော့ လဲ့ယောင်းယောင်းတောင် ထပ်ပြီးဂရုမစိုက်တော့ဘူး။ လန်ဂျင်းယွိရဲ့ အောက်ခံအဝတ်ကို ချွတ်ရန် သူမ၏ လက်နှစ်ဘက်လုံးကို အလျင်အမြန် အသုံးချလိုက်သည်။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
RomanceTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...