2

1.2K 165 30
                                    

အလုပ်လုပ်မယ်ပြင်တိုင်း စားပွဲကို အရင်ရှင်းရတာ တစ်ပတ်လောက်ရှိပြီ။ ပြောင်းဖူးတွေ ဖယ်ရတယ်။ အာလူးတွေဖယ်ရတယ်။ ဘယ်ကခူးလာမှန်းမသိတဲ့ ဇီးသီးပေါက်စလေးတွေဖယ်ရတယ်။ မကြောက်မလန့် သူ့ကို ဒီလိုလာရှုပ်ရဲတာ ဗြောင်ဘတ်ခ်ဟျွန်းဆိုတဲ့ သာလိကာတစ်ကောင်ပဲရှိမယ်။

''မယ်ရီရေ ဒီနေ့တစ်နေ့တာလည်း ပျော်စရာနေ့လေးဖြစ်ပါစေ'' ဆိုတဲ့ အသံကြားရင် စိတ်ကိုအလိုလိုပြင်ထားမိပြီ။ မကြာခင် ရှုပ်မဲ့ သာလိကာကောင်ရောက်လာတော့မယ်။ လက်ထဲမှာ တစ်မျိုးမဟုတ်တစ်မျိုး အပြည့်နဲ့...

''ဘေဘေးလေ ပြောင်းဖူးတွေဆွတ်လို့ လာပို့တာ''

''ဘေဘေးလေ အာလူးတွေတူးလို့ လာပို့တာ''

အပြန်ကျ ''ချန်ယောရေ ဒီနေ့တစ်နေ့တာလည်း ပျော်စရာနေ့လေး ဖြစ်ပါစေ'' ဆိုမယ်။

''မင်း လာရှုပ်နေသရွေ့ ပျော်စရာနေ့လေးဖြစ်မနေဘူးကွ''ပြောတော့ ရယ်တယ်။ ဘာပြောပြောနာမဲ့ပုံလည်းမပေါ်။

​နောက်ရက်ကျ ထုံးစံအတိုင်း ရောက်လာဦးမယ်။

ဒီလိုနဲ့ သူ့အိမ်ခန်းမှာ စိုက်ပျိုးရေးခြံကြီးကိုဖြစ်လို့ပဲ။ ချက်မစားမှန်းသိရက်နဲ့ တမင်လာရှုပ်ချင်လို့ အကြောင်း​​ပြတာ။တစ်ရက် အမြင်ကပ်ကပ်ရှိတာနဲ့ တံခါးဖွင့်မပေးလိုက်တာ ညနေမိုးချုပ်ထိ အိမ်ရှေ့မှာ ငုတ်တုပ်။ တနေကုန် ဒီလိုကြီးထိုင်နေရလားဆူတော့ 'နေ့လယ်စာတော့ ပြန်စားပါတယ် စိတ်မပူနဲ့နော်'တဲ့။

/ဝေးသေး စိတ်ပူမနေဘူး မင့်မယ်ရီကြီးဆီကနေ အထောင်းခံရမှာစိုးလို့ကွ/

အဲရက်ပြီးနောက်ပိုင်း တံခါး မဖွင့်ပေးဘဲ မနေရဲတော့ဘူး။ တနေကုန် ငုတ်တုပ်နေမှာထက် မြန်မြန်ရှုပ်ပြီး မြန်မြန်ပြန်သွားတာ ကောင်းပါတယ်။

ဒီနေ့မနက်လည်း လက်ထဲ ပန်းတပွေ့တပိုက်ကြီးနဲ့ ရောက်လာတယ်။

''ဘေဘေးလေ ဒီနေ့ပန်းတွေခူးခဲ့တယ် ပန်းထိုးပေးမယ်လေနော်''

တားချိန်မရလိုက်။ တားမရဆီးမရမှန်းသိနေတော့ ပြောဆိုပြန်ရင်လည်း လေကုန်တာပဲအဖက်တင်မှာ။ဒင်းကတော့ သူ့အိမ်သူ့ရာလိုပဲ အခန်းထောင့်က အရက်ပုလင်းခွံတစ်လုံးကို ယူတယ်။ ရေဆေးပြီး ပန်းတွေထိုးထည့်တယ်။

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now